Arjima : baekkie! Arjima ကို ဒီ အသီးအရွက်ကြော်လေး
နည်းနည်းပြန်ကြော်ပေးပါဦး မလောက်တော့လို့ အပြင်မှာ
Baekkie ရဲ့ ဒီအသီးအရွက်ကြော်လေးကို လူကြိုက်များလို့လေArjima က ၀မ်းသာအားရ ပြောနေပေမဲ့.. baek ကတော့
ပြုံးရုံသာပြုံးပြီး .. အသီးအရွက်ကြော်ဖို့ ပြင်ဆင်နေလိုက်သည်...။ဒီနေ့က yeol တို့ စေ့စပ်ပွဲနေ့.... ။ ဟိုတယ်တစ်ခုမှာ
ဆွေမျိုးအနည်းငယ်နဲ့ သာ ပွဲလုပ်သည်လို့်ကြားသည်..။
အခုညဘက် ခြံထဲမှာတော့ dinner လုပ်သည်ပေါ့...။
Baek ကတော့ မီးဖိုချောင်ထဲမှာ နေပြီး အချက်အပြုတ်
တာဝန်ယူပြီး ခြံထဲကို မဆင်းဖြစ်....။ appa တို့ baek ကို
တွေ့ချင်လို့ ခေါ်ခိုင်းတုန်းကလည်း သွားမတွေ့ဖြစ်....။
မိုးလင်းထဲက ခေါင်းကမူးနေပြီး လူက မလှုပ်နိုင်တာကြောင့်
အိပ်ရာထဲမှာပဲ မှိန်းနေရသည်...။ yeol.ကတော့
သူ့မိဘတွေလာတာတောင် ထွက်မတွေ့လို့. Baek ကို
အတော် ဒေါသထွက်နေပြီး ပွဲပြီးရင် တွေ့မယ်ဟု ကြိမ်းထားသည်
ဆိုတာ arjima ပြန်ပြောလို့ Baek သိရသည်....။
Appa တို့ကလည်း baek အခန်းထဲထိ လာတွေ့ချင်ပေမဲ့
ခမည်းခမက် ဖြစ်သူ Mr.Kim.က သူ့ဆွေမျိုးနဲ့ မိတ်ဆက်ပေး
ချင်လို့ ဆိုပြီး အရေးတကြီး ph ဆက်လာလာပြီး omma ကလည်း
စေ့စပ်ပွဲအတွက် နယ်ကအမျိုးတွေရောက်လာလို့ဆိုပြီး ပြန်သွားရလေသည်.... ။ arjima ကိုတော့ သေချာ ဂရုစိုက်ပေးဖို့
မှာခဲ့သည်တဲ့လေ...... ။သားက ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အိမ်မှာရှိနေပေမဲ့
မျက်နှာသိပ်မကောင်း.... ။ သူ့ ဦး မင်္ဂလာဆောင်သွားလို့
စိတ်မကောင်းလို့ နေမှာပါဟု baek လိုရာကိုဆွဲတွေးထားသည်..။
သို့ပေမယ့် သားက နဲ့ အမူအကျင့်ရော မျက်နှာသွင်ပြင် ရော
တူနေသည့် yeol အား သူ့အဖေ ဟု စိတ်ထဲမှာ ယုံကြည်ထားသည်ကို
Baek သိနေသည်....။ အခုလည်း အပေါ်ထပ်က ပြတင်းပေါက်နား
လေးမှာ သူ့ရဲ့ ဦးဖြစ်သူကို ငေးကြည့်နေရှာသည်....။ ဒါကို
Baek သိပေမဲ့ မတားဖြစ်.. နောက်ဆိုရင် အခုလို ကြည့်ခွင့်ရှိမှာ
မဟုတ်တော့လို့..... ။