Yeol : baek ya!!
Baek : သား က ဘာလို့အခုချိန်ထိ မလာသေးတာလဲ
မသိပါဘူး....Baek သူမ ဘေးက yeol ခေါ်သံအား
လျစ်လျုရှုပြီး ၉ နာရီထိုးသည်အထိ ...
ရောက်မလာသေးတဲ့ သား ကိုသာ မျှော်နေသည်...။yeol လည်း Nana နဲ့ သူ့လူတွေ..
ထွက်သွားကထဲက သူ့ကို ဘာစကားမှမပြော..
သူပြောရင်လည်း မကြားချင်ယောင်ဆောင်နေသည့်
Baek အား ဘယ်လိုလုပ်ရမလဲ မသိတော့...။
သူကသာ ဘေးကနေ အာပေါက်မတက်
Nana ရဲ့ ကိုယ်ဝန်ကိစ္စက သူနဲ့ မဆိုင်ကြောင်း
ရှင်းပြနေပေမဲ့ ... baek က အဖက်မလုပ်ဘဲ
မနေ့ကကျန်နေသေးသည့် မုန့်ထုပ်တွေကိုသာ
ဖောက်စားနေသည်... ။Yeol : သား က ကျောင်းပြန်တက်နေပြီလေ
အဲ့ဒါ omma က သား ကို ကျောင်းပို့ပြီးမှ
ဒီကို ၀င်မယ်တဲ့ ....Baek : ဟုတ်သားပဲ အင်း သားလေးတော့
ကျောင်းစာတွေနောက်ကျနေတော့မှာပဲ.....သူ့သား အကြောင်းပြောတော့မှပဲ လူကိုစကားပြန်ပြော
တော့သည်.... ။Yeol : နောက်မကျပါဘူး baek ရဲ့
အိမ်မှာ ညနေဘက်ဆို သားတို့ကျောင်းက ဘာသာရပ်အလိုက် ဆရာမတွေကို ခေါ်ပြီး
သားလွတ်သွားတဲ့ စာတွေကို သေချာ
ပြန်သင်ခိုင်းထားတယ်....သား က ကိုယ်နဲ့
တူပြီး ဉာဏ်ကောင်းတော့ တစ်ခါရှင်းပြရုံ နဲ့
နားလည်တော့ ခဏလေးနဲ့ ကျောင်းကစာတွေကို
ပြန်မှီနေပြီလေ ....ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေသည့် yeol အား
baek ကြည့်မရတော့... ။ဒေါက် ဒေါက် ဒေါက်!!!
Baek ပြန်ပြောမလို့ ရှိသေး တံခါးခေါက်သံကြောင့်
ပြောချင်နေသည့် စကားများကိုဟခဏပြန်မြိုချ
ထားလိုက်သည်.... ။Yeol : ၀င်ခဲ့!
" မင်္ဂလာပါ CEO park! အနှောက်အယှက်
ဖြစ်သွားရင် တောင်းပန်ပါတယ် ကျွန်တော်က
ဒီဆေးရုံက ဆေးရုံအုပ် ပါ "Yeol : omm ကျွန်တော် ဒီက ဆေးရုံအုပ်ကို
party တစ်ခုမှာ မြင်ဖူးပါတယ်....တံခါးခေါက်ပြီး ၀င်လာသည့် ဆေးရုံအုပ်အား
ထိုင်ရာက မထဘဲ နှုတ်ဆက်နေသည့် Yeol...။
တရိုတသေ နှင့် ပြောနေတာတောင် ...
အချေခံနေရသည့် ဆေးရုံအုပ်အား baek yeol
အစား အားနာနေရသည်.... ။ ဆေးရုံအုပ်က
သူ့ ဦးလေး အရွယ်လောက် ရှိသည်.. ။