Baek : သား!! Arjushi သားကိုတွေ့မိသေးလား
ဟင်?" ထမင်းစားနေပါပြီ baekkie shi "
Baek : ar nae ကျေးဇူးပါ
Baek အိမ်တော်ထိန်းကြီးအား...နှုတ်ဆက်ကာ
သားရှိရာ ထမင်းစားခန်းထဲသို့ဝင်လာသည်.....။
ထမင်းစားခန်းလို့သာ...ပြောတာပါ ...
ထမင်းစားခန်းက... baek တို့အိမ်ထက်တောင်ကြီး
နေသေးသည်....။ အပြင်အဆင်တွေကလည်း....
တကယ်ကို သူဌေးမှန်းသိသာစေသည်......။
ထမင်းစားခန်းရဲ့အလည်မှာတော့....ရွှေရောင်ကနုတ်
တွေနဲ့စားပွဲအရှည်ကြီးတစ်ခု.....။ ထိုစားပွဲရဲ့ထိပ်မှာ
ထိုင်ကာ... ထမင်းစားနေသည်က... သား ။Baek : သား!
Omma!
ဆိုကာ baek ဆီပြေးလာလေသည်....။
Omma ဦး ရဲ့ အိမ်ကြီးကလေ အရမ်းမိုက်တယ်သိလား?
မနေ့ညအိပ်တဲ့ အိပ်ရာကလည်းလေ ပျော့ပျောင်းနူးညံ့လွန်း
လို့.... သားလေ အိပ်နေရင်း မွေ့ယာကြီးတဲ့ နစ်သွားပြီတောင်ထင်တာ... omma သိလား?မနေ့ကသူဘယ်လိုအိပ်ခဲ့ရတယ်ဆိုတာ....
ပျော်ပြီး အမေကိုပြန်ပြောနေသည့် သားရဲ့အပြုံးတွေက
Baek ရင်ကို အပ်နှင့်ထိုးနေသလို....။Baek : ဟုတ်ပါပြီ ကဲ လာ omma တို့သွားကြရအောင်
ဒီအိမ်မှာ ကြာကြာနေရင် ဘယ်သူ့အတွက်မှ
အကျိုးမရှိသည်ကို... baek သိသောကြောင့်..
သားလက်ကိုဆွဲကာ...ထွက်ခွာဖို့ပြင်လိုက်သည်....။
သို့သော်.....ဟင် omma ဘယ်သွားမလို့လဲ? မနေ့က ဦး
ပြောတော့ သားတို့က ဒီမှာပဲနေရတော့မှာဆိုBaek : arnyi omma တို့က ဘာလို့ ဒီမှာ
နေရမှာလဲ? ဒါ omma တို့အိမ်မှမဟုတ်တာ သားရဲ့
Omma တို့သွားကြရအောင်နော်.....သားကဘာမှဆက်မပြောတော့တာမို့....
Baek သူတို့ကိုကြည့်နေသည့်...မျက်လုံးများစွာနဲ့
ဝေးရာကိုထွက်လာခဲ့သည်..... ။
ဘေးနားက ညိုးနေသည့်မျက်နှာနှင့်... လိုက်ပါလာသည့်
သားကိုတော့လျစ်လျူရှူထားလိုက်သည်..... ။