Baek : ဟိုလေ omma အဲ့ဒါကတော့
နည်းနည်း......Tao : ဘာဖြစ်လို့လဲ? အရင်ကလည်း omma တို့
လာနေ,နေကြလေ....Baek : အဲ့ဒါ....
နှစ်အတော်အသင့် အနေဝေးနေပြီး...
အားလုံးပြောင်းလဲသွားခဲ့သည်ကြောင့်...
Kie လေး က သူတိုနှင့် နေချင်ပုံမပေါ်.....။
အဲ့ဒါကို မသိဘဲ..
အတင်းကိုဇွတ်ခေါ်နေသည့်... Tao ကြောင့်
Kris ၀င်ပါရပြန်သည်......။Kris : မင်းကလည်း အခုမှတွေ့တာကို...
အေးဆေးပေါ့... သူ့မှာလည်း အလုပ်တွေရှိဦးမှာပေါ့Kris ၀င်ပြောလိုက်မှ baek စိတ်သက်သာရာရသည်။
ဘယ်လိုဘဲ ရင်းနှီး ဘယ်လိုပဲ နေခဲ့နေခဲ့... အခုက
အရင်တုန်းကနှင့် မတူတော့ဘူးမလား?Tao : ဟင်း အဲ့ဒါလည်း ဟုတ်တာပဲ....
Tao ရဲ့ သက်ပြင်းချသံအပြီး... စကားဝိုင်းလေးက
တိတ်ဆိတ်သွားသည်.....။ကျွီ~~~~~~~~~
ရုတ်တရက် အိမ်ရှေထိုးရပ်လာသော....
ကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။Tao : ညနေစောင်းကြီး ဘယ်သူရောက်လာတာတုန်း?
ရှင့် ကိစ္စတွေ မပြီးသေးဘူးလား? ဒီတစ်ခါရော
ဘယ်group ရဲ့ CEO.က.ညစာဖိတ်ထားပြန်ပြီလဲ?Kris.: ဘယ်သူ့ကိုမှ မဖိတ်ပါဘူးကွာ....
မင့်သား မဟုတ်ဘူးလား? ဒီနေ့ ၀တ်စုံသွားကြည့်ပြီး
အပြန် အိမ်မှာ.ညစာစားဖို့ ပြောထားတယ် မဟုတ်လား?Tao : အာ ဟုတ်သားပဲ ကျွန်မ မေ့နေတာ
Arjima.ရေ ထမင်းပွဲ အသင့်ပြင်ထားလိုက်ပါဦး!!သူပြောထားပြီး သူ့ဘာသူ.မေ့နေနေပြီး...
ကိုယ့်ကိုပါ ရမယ်ရှာ နေသေးသည့် Tao ။
အခုလည်း သူ ပြောတော့မှ သတိရသွားကာ..
မီးဖိုးချောင် ထဲမှာ အလုပ်ရှုပ်နေမည့် arjima
အား လှမ်းအော်နေပြန်သည့်...Tao.အား
Kris ခေါင်းယမ်းပြီးတော့သာ ကြည့်နေလိုက်သည်။Baek ကတော့ yeol နှင့်အတူ unnie ပါ
ရောက်လာသည်ကြောင့်... လက်တွေတုန်နေသည်။
ခုမှ ထပြန်ရင်လည်း .. သူတို့နှင့်တိုးမှာ.အသေအချာ...။
ထိုင်နေပြန်တော့လည်း... ဘာတွေဆက်ဖြစ်မလဲ
ဆိုတာ သိနေပြန်တော့.... ထိုင်ရမလို ထရမလို နှင့်
ချွေးတွေပါပြန်လာသည်......။
![](https://img.wattpad.com/cover/182240681-288-k280773.jpg)