Yeol omma တို့အိမ်ရောက်တော့...
ညနေစောင်းတော့မည်.....။
ရောက်တော့လည်း...အမောကမပြေပြန်....။
Baekkie အိမ်ကိုရောက်ပြီး...သိပ်မကြာခင်
မေ့လဲသွားလို့.. ဆေးရုံကိုပြေးရပြန်သည်.....။ဆေးရုံအခန်းထဲမှာတော့... baekက
ကုတင်ပေါ်မှာ... ဆေးပိုက်တန်းလန်းနဲ့ ဖြစ်နေပြီး
Shin လေးက ဘေးနားမှာ သူ့omma
လက်ကလေးကို ကိုင်ပြီး ထိုင်နေသည်.....။
Shin လေးနဲ့ ခပ်လှမ်းလှမ်းမှာတော့....
Omma နဲ့အတူ Dr.တစ်ယောက်
စကားရပ်ပြောနေကြသည်.......။
Yeol omma အနား သွားပြီး
အကြောင်းအရာကို နားထောင်ကြည့်တော့..." byun baekkie ရဲ့ အခြေအနေက
ဒီက သူဌေးကတော် ကျွန်တော်တို့ကို ပေးလာတဲ့
စာရွက်ထဲက ဆေးစစ်ချက်အတိုင်းဆိုရင်တော့..
သူမအတွက် အချိန်ဘယ်လောက်မှ မကျန်တော့ဘူး
ကျွန်တော်တို့ဘက်ကလည်း ဆေးပြန်စစ်ထားပါတယ်
မနက်ဖြန် လောက်အဖြေ ကို သိရပါလိမ့်မယ် ...''Tao : Dr. ရယ် ကျေးဇူးပြုပြီး ကျွန်မသမီးလေးကို
ကယ်ပေးပါနော်.......Yeol : ကယ်ပေးရမှာ မဟုတ်ဘူး ရအောင်ကို
ကုပေးရမှာ အဲ့လို မဟုတ်ဘဲ စိတ်ကို ပြင်ဆင်ထား
ပါတို့ အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားပေးခဲ့
ပါတယ် ဆိုလို့ကတော့ Dr. တို့ဆေးရုံ တစ်ခုလုံးရဲ့
မနက်ဖြန်အတွက်လည်း... ကျွန်တော်က ပြန်ပြီး
စိတ်ကို ပြင်ဆင်ထားပါလို့ ပြန်ပြောပါရစေ....Tao : သား Dr. ကို ဘယ်လိုပြောလိုက်တာလဲ?
ူသားအစား ကျွန်မကပဲ တောင်းပန်ပါတယ်သားဖြစ်သူ စကားကြောင့် မျက်နှာပျက်သွားသည့်
Dr. အား tao တောင်းပန်လိုက်သည်....။
Dr. ခဗျာ ပြန်လည်းမပြောရဲ....။ ဒီဆေးရုံမှာ
ရှယ်ယာအများဆုံးက Park chan yeol
ဖြစ်နေသည်က အဓိကအချက်ပင်....။Yeol : omma တို့ထက် ဆရာဝန်တွေအကြောင်းကို
သားက ပိုသိတယ်Omma!!
shin လေး အသံကြောင့် yeol ချက်ချင်းပဲ
baek အနားကိုရောက်သွားသည်....။Yeol : baek သတိရလာပြီလား? နေရတာရော
သက်သာရဲ့လား?yeol အမေးအား baek ခေါင်းသာ ငြိမ့်သည်.။
နောက်တော့ Dr. ရောက်လာပြီး Baek အား
စမ်းသပ်ပြီး လိုအပ်တာတွေကို မှာကြားရန် အခန်းထဲမှ
ထွက်သွားလေသည်..... ။