Yeol : ဘာ!! Appa က ဘယ်လိုလုပ်?
ဒီအိမ်ကို ရောက်လာရတာလဲ?" အဲ့ဒါတော့ ကျွန်တော်လည်း မသိပါဘူး
ရုတ်တရက်ကြီး.ရောက်ချလာတာဆိုတော့...."Yeol အိမ်ကိုပြန်ရောက်ရောက်ချင်း....
အိမ်တော်ထိန်းကြီးက appa အိမ်ကို
လာသွားတယ် ဆိုပြီး ပြောလာသည်မို့
လန့်သွားရသည်........ ။Appa က ဘယ်လိုလုပ်သိသွားရတာလဲ?
ဒီအိမ်ကို! ပြီးတော့ ဒီအိမ်မှာ baekkie တို့
သားမိရှိနေတာရော သိသွားတာလား?
Arnyi မဖြစ်နိုင်ဘူး! Appa သာ သိမယ်ဆိုရင်
ဒီချိန် သူ ခုလိုအေးဆေးနေရမှာမဟုတ်!!!
အဲ့လိုစဉ်းစားမိတော့မှ ရင်ထဲကအလုံးကြီးကျသွားသလို။တကယ်ဆို appa တို့သိသွားတော့ရော
ဘာဖြစ်လဲ? သူနဲ့ဘာမှမဆိုင်ပေ....။
သို့သော် baekkie တို့သားမိအကြောင်း
Appa သိသွားပြီး သူ့ဆီကနေ ခေါ်သွားမှာကို
ကြောက်နေမိသည်........ ။
တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ်လည်း တကယ်
နားမလည်နို်င်...... ။Yeol စိတ်ရှုပ်စွာနဲ့ ဆံပင်ကို ဖွကာပြန်သပ်တင်ရင်း
ထမင်းစားခန်းသို့ ၀င်လာလိုက်သည်....... ။ထမင်းစားခန်းထဲမှာတော့... arjima နဲ့
အကူနှစ်ယောက်က ချက်ပြုတ်နေကြတုန်း...။Yeol : arjima ! ခုမှထမင်းချက်တာလား?
" မဟုတ်ပါဘူး သူဌေး ထမင်းက ချက်ပြီးသားပါ
ဟင်းတွေက သူဌေးကတော် လာပို့ထားပြီး
ရေခဲသေတ္တာထဲထည့်ထားတာ အဲ့ဒါ အေးနေလို့
ပြန်နွှေးနေတာပါ..... "ထမင်းဟင်းကို ပူပူနွေးနွေးလေး မှ စားတတ်သော
Yeol အကျင့်ကို arjima က သိသည်မို့
ပြန်နွှေးပေးနေခြင်း....... ။Yeol : အဲ့ဒါတွေကို ထားခဲ့လိုက်ပြီး arjima
လုပ်စရာ ရှိတာတွေသွားလုပ်လိုက်ပါ.....
ပြီးတော့.. နောက်နေ့ကစပြီးလည်း မီးဖိုချောင်
မ၀င်ပါနဲ့တော့... ဒီမှာ မီးဖိုချောင်ကို တာဝန်ယူမဲ့သူ
ကျွန်တော်ခေါ်လာခဲ့ပြီမို့...