Mr.kim : ဒါ ရှေ့လက ကျွန်တော် chanyeol
ဆီက ယူလာတဲ့ file ပါ ယူလာတဲ့နေ့ကတည်းက
ပေးမလို့ပဲ... ဒါရိုက်တာချုပ် oversea သွားနေလို့
ဒီနေ့မှ ပေးဖြစ်တယ်......." omm ခင်ဗျားက ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ
ကောင်းတယ် သိပ်မကြာခင် ရှယ်ယာရှင်အစည်းအဝေး
လုပ်တော့မှာဆိုတော့ အဆင်ပြေသွားတာပေါ့..."Mr.kim ရှေ့လက chanyeol စာဖတ်ခန်းထဲက
ယူလာသည့် file အား ပေးလိုက်တော့ ကျေနပ်သည့်
ဒါရိုက်တာချုပ်.... ။ တော်တော်လည်း ကျေးဇူးကန်းတဲ့သူ
ပဲ ဟုလည်း ထင်မိသည်...။ လူကဖြင့် ဟိုဟာကို
ခြေတစ်ဖက်လှမ်းနေပြီ... ။ အခုထိ လောဘက
အတောမသတ်နိုင်သေး....။" ဒီpark group သာ ငါ့အပိုင်ဖြစ်သွားရင်
မင်းကိုလည်း ဒီအတိုင်းမထားပါဘူး နေရာတစ်ခုတော့
ပေးမှာပါ...ha ha ha "Mr.kim သူ့အား ရွဲ့သလိုလို ပြောလာသည့်
ဒါရိုက်တာချုပ်အား စိတ်ထဲကအတိုင်းပြောလိုက်
ချင်ပေမဲ့ သူ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့
ဒီလူက လိုအပ်နေသေးသည်မို့...သည်းခံနေရသည်။
သူ့ဆန္ဒတွေပြည့်ဝတဲ့အချိန်ကျရင်... ဒီလူကို
အရင်ဆုံး အဆုံးသတ်ပေးရမည်......။Mr.kim : ကျေးဇူးပါ... အဲ့ဒါဆို ကျွန်တော်
လုပ်စရာလေးတွေရှိသေးလို့..... ခွင့်ပြုပါဦး...." ကောင်းပါပြီ..... "
ဟု ပြောတော့.. အရိုအသေပေးကာ ထွက်သွားလေသည်။Mr.kim ထွက်သွားတော့မှ..... ဒါရိုက်တာချုပ်
အားပါးတရ ရယ်မောတော့သည်......။" ဟား ဟား ဟား aww Mr.kim........
သိပ်ကို လိုလောဘကြီးတဲ့သူပဲ..... နေရာတစ်ခုပေးမယ်
ဆိုတော့ ကွက်ခနဲ ပျက်သွားတဲ့မျက်နှာ ha ha ha
သူ့လိုလူကို.... ငါက ရူးနေလို့ ဒါရိုက်တာချုပ်နေရာ
ပေးရမှာလား... မြွေပွေးကို ခါးပိုက် ပိုက်ထားရအောင်ထိ
ကျုပ်က ကျုပ်ယောက်ဖ park yifan လို...
မမိုက်မဲဘူး.... ha ha ha......."အကြံတူရန်သူကို ကြိတ်နဲ့ ကြိတ်ပေါင်းပြီး
လိုချင်တာကို ရယူရသည်......။
လိုချင်တာရတာနဲ့ ထိုရန်သူကို သုတ်သင်ရှင်းလင်း
ရမှာကလည်း...လုပ်သင့်တာထက်ကိုပိုသည်....။
ထိုရန်သူမျိုးက တစ်ချိန်မှာ ကိုယ့်လည်ပင်းကို
ဓားထောက်လာမဲ့သူဆိုတော့ ပိုတောင် လုပ်သင့်သေးသည်...။