Tao : မတွေ့ရတဲ့ အတောအတွင်း ငါ့သားလေး
ချောလာလိုက်တာ......Yeol : omma လည်း မတွေ့ရတဲ့ အတောအတွင်း
ပိုပို နုလာတယ်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မြှောက်ပင့်
ပြောဆိုနေသည့်.... Tao နှင့် Yeol ကို
kris ဟွန့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေသည် ဟု
စိတ်ထဲမှ ပြောနေသည်...... ။
com:.ရောက်ပြီး သူ့သားနဲ့ တွေ့ထဲက kris
ကို ရှိတယ်တောင် မထင်ဘဲ သူ့သားနဲ့ အတူ
စကားတွေဖောင်ဖွဲ့နေသည့်.... tao ကို kris
သိပ်မကြည်တော့..... ။Kris : အဟမ်း မင်း com: မှာရော အဆင်ပြေရဲ့လား?
မင်းပုံစံနဲ့?Yeol : သိပ်ပြေတာပေါ့ appaရယ် ကျနော် က
ဘယ်သူလဲ တစ်မိုးအောက် park chan yeol
လေ!😎သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ...ပြောလာသည့်
Yeol.ကို kris မျက်စောင်းထိုးကာ...
ဘာမှဆက်မပြောတော့..... ။Yeol : ဒါနဲ့ omma တို့ အိမ်မှာပဲ နေမှာမလား?
Kris :.အိမ်မှာ.မနေလို့ ငါတို့လင်မယားက
လမ်းဘေးမှာနေရမှာလား?!!Yeol : သားက အဲ့လိုသဘောပြောတာ မဟုတ်ပါဘူး
Appa ကလည်း...Tao : ဟုတ်သားပဲ ရှင်ကလည်း စကားကိုကောင်းကောင်း
မပြောဘူးKris : အေးပါကွာ ငါပဲမှားပါတယ်
ကဲ ငါနားချင်ပြီ မင်းတို့သားမိ အိမ်ရောက်မှ
ဆက်အလွမ်းသယ်တော့....
အတွင်းရေးမှူး ဟန် ကျုပ်ကို အရင်အိမ်ကိုပဲ
လိုက်ပို့ပေး!" Nae? Nae ဥက္ကဌကြီး "
Yeol အကြောင်းကို အလုံးစုံသိနေသော...
အတွင်းရေးမှူး.ဟန် ကလည်း kris စကားအဆုံး
Yeol ကို လှမ်းကြည့်လာလေသည်......... ။Yeol ကတော့ တည်ငြိမ်သည့်ပုံစံ
အတွင်းရေးမှုး ဟန် အား ခေါင်းငြိမ့်ပြသည်.....။
ဘာလို့ဆို.သူက သူတို့ အရင်နေခဲ့သည့် အိမ်ပုံစံအတိုင်း
နှစ်အိမ်ဆောက်ထားခြင်းပင်..... ။
Baek တို့သားမိကို ထား,ထားသည့် အိမ်သည်
သူ့တို့အရင်နေခဲ့သည့်အိမ်မဟုတ်....... ။
Yeol နောက်ထပ်အသစ်ဆောက်ထားသည့်
နောက်တစ်အိမ်ဖြစ်သည်..... ။
ထို့ကြောင့် သူမှာ စိုးရိမ်စရာမရှိ.... ။
![](https://img.wattpad.com/cover/182240681-288-k280773.jpg)