Baek နေ့လည်လောက်မှာ.သားနဲ့အတူ
သူမတို့အဝတ်တွေယူကာ...yeol အိမ်မှ
ထွက်လာပြီး... Dr. နှင့်ချိန်းထားသောနေရာသို့
ရောက်လာခဲ့သည်......။" ရောက်လာပြီလား? Baekkie ''
Baek : ဟုတ်ကဲ့ Dr. နောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ်......" ရပါတယ်မကြာသေးပါဘူး...ခုလိုရောက်လာပေးတာပဲ
ကျေးဇူးတင်ပါတယ် ..သာမန်လူတွေမလုပ်နိုင်တဲ့...
ကိစ္စဆိုတော့...baekkie ကိုတောင် လေးစားနေတာပါ"ဆိုကာ....baek ရှေ့သို့ စာအိတ်တစ်ခု...
တိုးပေးလာသည်.......။Baek : မဟုတ်တာ နေ့လားညလား မသေချာတော့တဲ့
သူအတွက်...အခုလိုအခွင့်အရေးရတုန်း..
.အလှူတစ်ခုပြုလုပ်ရတာ ကျွန်မအတွက်တော့...
ကံကောင်းမှူကြီးပါ....ဒါပေမဲ့ အခုလိုမျိုး
အခကြေးငွေ ယူပြီးတော့ အလှူလုပ်ချင်တာမဟုတ်ပါဘူး" ဘာလို့ baekkie က အဲ့လိုမျိုးထင်ရတာလဲ
အလှူခံမဲ့လူနာရှင်...အစောကြီးထဲက ကြေညာထားတာပါ.. လူနာကလည်း Accident ကြောင့် နှလုံးကိုထိပြီး...
အရေးပေါ် နှလုံးအစားထိုးပေးဖို့လိုနေတာ....
Baekkie သာ နှလုံးမလှူရင် သူ့အတွက်တော့..
မနက်ဖြန်ဆိုတာ မရှိတော့ဘူး.. ပြီးတော့ အဲ့လူကလည်း သာမန် လူမဟုတ်ဘူး .ဆိုးလ်မြို့တော်ဝန်လေ..
ခုလို သူတို့ဘက်က ပေးတယ်ဆိုတာကလည်း....
Baekkie ကို ကျေးဇူးတင်တဲ့အနေနဲ့ရော
Baekkieရဲ့အခက်အခဲတွေလည်းနားလည်ပြီး..
သားလေးရဲ့နောင်ရေးအတွက်ဆိုပြီး...ပေးတာပါ
ဒါ့အပြင် ဒီပိုက်ဆံသန်းတစ်ထောင်ဆို...သူ့တို့အတွက်
မပြောပလောက်ပါဘူး...ဒါ့ကြောင့် ဘာမှစိတ်ထဲမထားပါနဲ့Baek : ဟင်းးး .....
အင်း..အခုဆိုရင် Baekkie ကို.....
ချွေးတစ်စက်မှမထွက်ဘဲ ရှင်းပစ်နိုင်တော့မည် ။
ထို့အပြင်... kim သားဖ ပေးမဲ့ ......
မြောက်မြားစွာသော ပိုက်ဆံတို့ကိုလည်း.... .
အလွယ်တကူ ယူပြီး.... ကိုရီးယားမှ အပြီးအပိုင်
ထွက်ပြီး...နိုင်ငံခြားမှာပဲ...အချေချတော့မည် ဟု
စဉ်းစားထားသည်....။Baek Dr. ထပ်မံပေးလာသည့် စာအိတ်အရှည်ကို
ဖွင့်ကြည့်တော့... မိမိနှလုံးအား... တစ်ဖက်က
အလှူခံထံ ကျေကျေနပ်နပ် လှူဒါန်းပါတယ်....
အကယ်၍ စိတ်ပြောင်းသွားပါက ..စာချုပ်ဖောက်ဖျက်မှုနဲ့. ယခုပေးထားသောငွေ၏သုံးဆ ပြန်ပေးလျော်ရမည်
ဟူသော အချက်တွေပါဝင်သည့် ..စာချုပ်မှာ ....
လက်မှတ်ထိုးပေးခဲ့ပြီး...မနက်ဖြန်မနက် 9:00 မှာ
ခွဲစိတ်ဖို့... Dr. လာခိုင်းသည့်ဆေးရုံကို.....
လာခဲ့ပါမည်..ဟု ပြောပြီး... ဂေဟာသို့
ထွက်လာခဲ့သည် ....... ။