Part-6

10.8K 567 10
                                    

'ချစ်သင့်တာပေါ့ အရှင်…နှလုံးသားစေညွှန်းရာကိုသာ ဦးတည်ပြီး လျှောက်လှမ်းလိုက်ပါ…လမ်းအဆုံးနဎမှာ ပျော်ရွှင်မှုကို သေချာပေါက်တွေ့ရမှာပေါ့…'

စစ်သူကြီးက စကားပြောရင်း မင်းကြီးရဲ့ နှလုံးသားရှိရာ ဝဲရင်ဘတ်ကို လက်ညှိုးလေးနဲ့ ထောက်လိုက်၏။

ထို့နောက် ပါးချိုင့်လေးပေါ်အောင် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။

မင်းကြီးက ပြန်ပြီးရီလိုက်တော့ သွားတက်ကလေးပင် ပေါ်လာ၏။

'စစ်သူကြီးjeonရဲ့ခေါင်းမှာဘာလို့ ဒဏ်ရာရနေတာလဲ အကိုတော်'

အသံကြားရာဘက်ကို သူတို့နှစ်ယောက် လှမ်းကြည့်လိုက်တော့ မင်းကြီးကို နှုတ်ခမ်းဆူ၊မျက်မှောင်ကြုတ်ကာ လှမ်းကြည့်နေတဲ့ နှမတော် Park Nammi ကိုမြင်တော့
သူတို့နှစ်ယောက်လုံး သရဲ မြင်သည့်နှယ် လန့်ဖြန့်သွားကြသည်။

'ဘာလို့ အဲ့လောက်လန့်သွားတာလဲ နှမတော်က တစ္ဆေနဲ့တူနေလို့လား'

ထိုသို့ပြောရင်းကပင် ဆူထားသည့် နှုတ်ခမ်းကို ပို၍ပင် နှစ်ဆဆူ လိုက်သည်။

'ဘာ…ဘာမှ မဟုတ်ဘူး…စစ်သူကြီးJeon လူဆိုးဖမ်းရင်း ဒဏ်ရာရတာ'

မင်းကြီးရဲ့ စကားကို ကြားတော့ Park Nammi က

'ဒါ အကိုတော်ရဲ့ ပရောဂ မကင်းဘူး'

ထိုသို့ပြောကာ သူမရဲ့ အားပျော့ပျော့နဲ့မင်းကြီးရဲ့ပခုံးကို လေးငါးချက်လောက် ထုလိုက်၏။

'ဟ…ဘာလို့လဲဟ…အကိုတော် လုပ်တာမှမဟုတ်ဘဲ'

'ဟုတ်…ဟုတ်ပါတယ် မင်းသမီး ကျွန်တော် ကိုယ့်ဘာသာကိုယ် ဖြစ်တာပါ'

မင်းကြီးရဲ့ စကားကို စစ်သူကြီး Jeon က ထောက်ခံလိုက်သော်လည်း…

'အကိုတော်က စစ်သူကြီး Jeon ကို လူဆိုးဖမ်းဖို့ခိုင်းတာလေ…အဲ့တာကြောင့် စစ်သူကြီးက အနာတရ ဖြစ်ရတာပေါ့ အီးဟီး…မုန်းတယ်…အကိုတော့်ကိုမုန်းတယ်'

Nammi လေးက ပြောရင်းဆိုရင်း အသံပြဲကြီးနဲ့ အော်ငိုတော့သည်။

'ဟို…ဟို မင်းသမီး Park ကျွန်တော် ဘာမှမဖြစ်ပါဘူး နာလည်းမနာတော့ပါဘူး ဒီလောက်က အသေးအမွှားလေးပါ'

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now