Part-10

8.7K 422 29
                                    

မင်းကြီးက သမိုင်းကြောင်းကို တဖွဲ့တနွဲ့ပြောပြနေပေမယ့် သူ့ရင်ထဲရောက်လာတာကတော့

ဂျိုဆွန်းပြည်ကို အစိုးရတဲ့ မင်းကြီးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးပင်…။

'မွ…'

မင်းကြီးက Yunji ရဲ့ နဖူးလေးကို ဖြတ်ကနဲ နမ်းလိုက်သည်။

'ဟင်…ဘာလုပ်တာလဲဗျ…'

Yunji က နားမလည်နိုင်စွာမေးတော့ မင်းကြီးက သွားတက်ကလေးများဖြင့် ပြုံးရင်း…

'နမ်းလိုက်တာလေ…မသိဘူးလား'

'နမ်းတာတော့ သိတာပေါ့ အရှင်ရဲ့…ဘာလို့နမ်းတာလဲလို့'

Yunji က နဖူးလေးကို စမ်းရင်းမေးလာတော့ မင်းကြီး က

'ချစ်လို့…မင်းကိုချစ်လို့…ငါပြောတာကိုနားမထောင်ဘဲ ငါ့မျက်နှာကိုဘဲ တစိမ့်စိမ့်ကြည့်နေတဲ့ မင်းကို အရမ်းချစ်လို့…'

မင်းကြီးရဲ့ ကြွေလောက်တဲ့ အပြောတွေကြောင့် Yunji မျက်နှာလေး နီရဲကာ ရှက်သွေးဖြာ ရတော့သည်။

ထို့နောက် မင်းကြီးရဲ့ နှုတ်ခမ်းသား လေးတွေက Yunji ရဲ့ ပါးတစ်ဖက်ပေါ်ကျလာသည်။ ပြီးတော့ နောက်ပါးတစ်ဖက်ပေါ်၊ပြီးတော့ နဖူးပေါ်၊ပြီးတော့ နှာခေါင်းပေါ် ၊ပြီး မေးစေ့ပေါ်…

'တော်ပါတော့အရှင်ရာ …ကျွန်တော်ရှက်လာပြီ'

Yunji က မင်းကြီးကို တွန်းထုတ်ကာ မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် နောက်လှည့်ကာပြေးဖို့ ခြေလှမ်းပြင်လိုက်ချိန်…

မင်းကြီးက Yunji ရဲ့ လက်ကို ဆွဲကာ Yunji ကိုသူနှင့် မျက်နှာချင်းဆိုင်ဖြစ်စေရန် ဆွဲလှည့်လိုက်သည်။

ထို့နောက် တင်းကျပ်စွာ ဖက်လိုက်သည်။

'မသွားပါနဲ့ကွာ…ငါနဲ့ အတူရှိနေပေးပါ…ငါဖြစ်နိုင်ရင်လေ မင်းနဲ့အတူ ရှိနေတဲ့ အချိန်တွေ်ကို ရပ်တန့်ပစ်ချင်တယ်… မသွားပါနဲ့ကွာ မသွားပါနဲ့'

မင်းကြီးက ပြောရင်းဆိုရင်း မျက်ရည်တွေကျလာသည်။

Yunji သူ့ကို ဆုတ်ကိုင်ထားတဲ့ မင်းကြီးရဲ့ လက်တွေကို ဖြေးညှင်းစွာ ဖြုတ်ချလိုက်ပြီး မင်းကြီးရဲ့ မျက်နှာပေါ်က မျက်ရည်စက်လေးတွေကို လက်ဖမိုးဖြင့် သုတ်ပေးလိုက်သည်။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now