Part-17

6.5K 308 1
                                    

မိုးလဲ တိတ်သွားတာမို့ စစ်သူကြီးတစ်ယောက် Seung Ra အား နန်းတော်အပြင်ဘက်က ကျူးလစ်ပန်းရုံထဲ ခေါ်သွားလိုက်သည်…

ညဘက်မို့ ပန်းကိုယ်ထည်ကို မှုန်မှုန်ဝါးဝါးသာ မြင်ရသော် လည်း ရနံ့တော့ သင်းဆဲ သင်းမြဲ…

ကျူးလစ်ပန်းခင်းကို မြင်တော့ Seung Ra လေးက သူ့ အမျိုးတွေတွေ့သည့်နှယ်။

'ဟူး……'

စစ်သူကြီး သက်ပြင်းချမိကာ ဒီနေရာကို ခေါ်လာတဲ့ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

ပန်းတွေကိုဘဲ အရေးတယူ လုပ်ပြီး နမ်းလိုက်ရှုံ့လိုက်ဖြင့် …

ပန်းလေးတွေကို ပင် သူ မနာလို သဝန်တိုလာချင်သယောင်……

အချစ်ကလေး Seung Ra ရေ ကိုယ့်အတွက်တော့ မင်းကကျူးလစ် ပန်းဖူးလေးတွေထက် ချစ်ဖွယ်ကောင်းတယ်…

ကျူးလစ်ပန်းပွင့်လေးတွေထက် လှတယ်

ကျူးလစ်ပန်းရနံ့လေးထက် မွှေးလွန်းသည်…

ထို့ကြောင့်…ကိုယ်မင်းကိုချစ်စနိုးခေါ်မည်…။

ကျူးလစ်ပန်းလေးဟူ၍……။

'ဟယ်…ပိုးစုန်းကြူးလေးတွေတော့…'

ပန်းလေးတွေပေါ် တလက်လက်တောက်နေတဲ့ မီးစုန်းကြူးလေးကို လက်ညှိုးလေးထိုရင်း…ပါးစပ်လေးဟမျက်လုံးလေးပြူးကာ ပြောနေတဲ့ ပန်းကလေးကြောင့် စစ်သူကြီး ဟတ်ထိသွားရတာပေါ့…။

သူလည်းဘယ်ရမလဲ ? ဒီနေရာကို လာနေကျမို့ ပန်းကလေးအတွက်
ကြိုတင်ပြင်ဆင်ခဲ့တဲ့ ဖန်ဘူးဝိုင်းလေးနှစ်ဘူးကို ပန်းကလေးကိုပြလိုက်သည်…
ပန်းးကလေးက နားမလည်စွာ သူ့ကိုကြည့်လေတော့
သူက ပိုးစုန်းကြူးလေးတွေကို ဖမ်းပြလိုက်သည်။

ဖမ်းလို့ရတဲ့ ပိုးစုန်းကြူးလေးကို ဖန်ဘူးထဲထည့်ကာသစ်သားဆို့လေးဖြင့် ပိတ်လိုက်လေတော့

ချစ်ရသူလေးက အံ့သြကာ သူလည်း ပိုးစုန်းကြူးလေးတွေကို ဖမ်းပြီး ဘူးလေးထဲ ထည့်နေလေရဲ့ …

ပြုံးလို့ ပျော်လို့ရယ်ပေါ့…

'ဟာ …ဟိုဘက်မှာတစ်ကောင်…'

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now