Part-23

5.7K 319 6
                                    

မိဖုရားကြီးတို့ Seung Ra ရဲ့အလောင်းကို ကောက်ရိုးဖျာနှင့် ပတ်လိုက်ပြီး အစေခံမ ငါးယောက်က သယ်လာသည်…။

'ဟဲ့…မြန်မြန်သွားကြ …တခြားလူတွေမမြင်အောင်…'

မိဖုရားကြီးက အမိန့်ပေးလိုက်သည်။

အစေခံ မတို့ကလည်း ခြေလှမ်းတွေကို အရှိန်မြင့်လိုက်သည်…

ထိုအချိန်…

'ဘယ်သွားကြမလို့လဲ မိဖုရာကြီးခင်ဗျ…'

စစ်သူကြီးရဲ့ အသံကြောင့် သူတို့အားလုံးလန့်ဖြန့်သွားကြသည်။

စစ်သူကြီးက ပါးချိုင့်လေးတွေပေါ်အောင် ပြုံးလိုက်ရင်း မေးနေခြင်းပင်…

'ဘယ်…ဘယ်မှမသွားပါဘူး…အစေခံတစ်ယောက် ဆုံး…ဆုံးသွားလို့'

'အော်…မိဖုရားကြီးကိုယ်တိုင် ဘာလို့လုပ်နေတာလဲ…ပေးလိုက်ပါ အဲ့အလောင်း…ကျွန်တော်သွားမြှုပ်ပေးမယ်…'

'နေ…နေရတယ်…ရတယ်…ငါ…ငါတို့ဘဲမြှုပ်လိုက်မယ်…'

အကြောက်အကန် ငြင်းနေတဲ့ မိဖုရာကြီးကို သူ နားမလည်နိုင်ပါ…သို့သော် သူ ပြုံးပြုဦးညွှတ်ပြီးသာ…ရှေ့ဆက်သွားလိုက်ချိန်…

မိဖုရားကြီးတို့လဲ ခပ်သွက်သွက် ပြန် လျှောက်သွားကြချိန်…

သူ အနောက်ကို လှည့်ကြည့်လိုက်မိတော့…

သေသွားပြီဟု ဆိုသော အစေခံအလောင်း၏ ခြေထောက်ကလေးကဖျာအောက်မှ ထွက်ပေါ်လာသည်…

ထိုခြေထောက်တွင် ဆင်ထားသည့်
ရွှေရောင်ကနုတ်ပန်းလက်များဖြင့် ပန်းနုရောင်ဖိနပ်လေး…

သူ စိတ်ထဲတွင် မြင်ယောင်လာသည်က

'ဒါ မိဖုရားငယ် ဝယ်ပေးထားတာလေ'

ဆိုပြီး ဖိနပ်လှလှလေးကို သူ့အား ကြွားနေသည့် သူချစ်ရသည့် ပန်းကလေး…

သူ မယုံကြည်နိုင်အောင် ဖြစ်နေရင်း စိတ်ထဲ သင်္ကာမကင်း ဖြစ်လာသည်။

' မိဖုရားကြီး ခဏလောက်…'

သူ ထိုသို့ပြောလိုက်တော့ မိဖုရားကြီးတို့ လန့်ကာ တုံ့ခနဲ တစ်ချက်ရပ်သွားသည်။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now