Part-15

6.8K 342 15
                                    

ဈေးထဲမှာ သောင်းကြန်းပြီးတော့လိပ်ပြာလေးက မောသွားပြီထင့်…။

ရင်ဘတ်လေးကို ဖိကာ ဟောဟဲ ဟောဟဲဖြင့် အမူအရာ လုပ်ပြနေပုံမှာ အသည်းယားစရာ…။

လိပ်ပြာလေးမောလှတာမို့ ပြဇာတ်ရုံသို့ဝင်ကာ ခဏနားဖို့ မင်းကြီးက အကြံပေးတော့

လိပ်ပြာလေးက ခေါင်းငြိမ့်လာတယ်…။

လူတကာ ထိုင်ကြတဲ့ပြဇာတ်ရုံက အခင်းတွေမှာ ဖုံတွေကပ်နေတာမို့ လိပ်ပြာလေး ထိုင်မယ့်နေရာက ဖုန်တွေကို လေလေးနဲ့ မှုတ်ထုတ်ပေးလေတော့ ကိုယ့် လိပ်ပြာလေးက အကဲကို ပိုတယ် ဆိုတယ့် အကြည့်နဲ့ ကြည့်လာသည်…။

အဟင်း…ငါနော်…ပြဇာတ်ရုံမှာ လူတွေအများကြီးရှိနေလို့ မဟုတ်ရင်…အဟင်းဟင်း……

လိပ်ပြာလေးရဲ့ ဘေးမှာ လူတွေလာထိုင်တာမှာစိုးတာမို့ လိပ်ပြာလေးကို ထောင့်စွန်းနေရာပို့ထားလိုက်တယ်…ကိုယ်ကတော့ သူ့ဘေးလေးမှာပေါ့…။

လိပ်ပြာလေးရေ…ကိုယ် မင်းကို ဘယ်လိုလူနဲ့ မှစိတ်ချနိုင်မှာ မဟုတ်ပါဘူးကွာ……။

ဟာသ ပြဇာတ် ကပြနေတာမို့ လိပ်ပြာလေးက ဟန်ဆောင်ကင်းစွာ ရီနေတာလေးကလည်း တစ်မျိုးချစ်ဖို့ကောင်းနေပြန်တယ်…။

ရီနေရင်းနဲ့ တစ်ချက်တစ်ချက်လူကို လာရိုက်တာကလည်း အကျင့်တစ်ခု…။

'ယပ်တောင်လေးနဲ့ အုပ်ပြီးရီ…'

မင်းကြီးက အဲ့လိုပြောတော့ Yunji သတိပြန်ကပ်လာပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ဘယ်တတ်နိုင်ပါ့မလဲ …ပြဇာတ်က ရီစရာကောင်းနေတာကိုးး…

💓
💓💓
💓💓💓
ကိုယ်က ယပ်တောင်အုပ်ပြီးရီဖို့ပြောတော့ လိပ်ပြာလေးက ရှက်သွားတာများ…အသည်းကို ကလိကလိ ဖြစ်စေသည်။

ပြောစကားနားထောင်ပြီး ယပ်တောင်လေးအုပ်ပြီးရီတော့ ကိုယ် ကျေနပ်လွန်းပါတယ်…အလိမ္မာတုံးလေးရယ်…။

ဘယ်စကားမှ နားမထောင်လဲ ရပါတယ်…
ဘယ်စကားမှ အရေးမစိုက်လဲ အဆင်ပြေပါတယ်…
ဒါပေမယ့် ငါ့ဘေးနားက ထွက်မသွားနဲ့ ဆိုတဲ့ စကားလေးတစ်ခွန်းကိုတော့ မင်းလေးလိုက်နာပေးနိုင်မလားကွယ်

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now