Final

10.6K 382 49
                                    

သာယာတဲ့ မနက်ခင်းလေးတစ်ခု…

နေမင်းကြီးကလဲ သူ တတ်သလောက် မှတ်သလောက် ဖြင့် အစွမ်းကုန်ထိန်လင်းလို့…

ဆည်းဆာတွေဖြာထွက်ကာ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံအုပ်မိုးထားသည်။

နေမင်းကြီးက သူ၏ ဆည်းဆာရိပ်ဖြင့် လူတိုင်းကို နွေးထွေးအောင် ပြုနိုင်စွမ်းရှိသည်။

သို့သော်…

နန်းတော်ထဲ တစ်ဝိုက်တွင်တော့ နေကြတ်နေလေသည်။

အမှောင်ထုတို့က စိတ်အစဉ် ကို လွှမ်းခြုံကာ ရစ်ပတ်နေပေသည်။

ဤသည်ကို…

စိတ်နေကြတ်ခြင်းဟုခေါ်ဆိုချင်ပါသည်…

မေ့လဲနေသော မယ်မယ်ကြီးသည် တဖြည်းဖြည်း မျက်လုံးတွေကို ကြိုးစားဖွင့်ရင်း အလင်းရောင်ကို ကြိုးစားပြီးရယူလိုက်သည်။

မျက်လုံးတို့တွင် အလင်းရောင်ကို မြင်နေရပေမယ့် စိတ်မနောတွင်တော့ မဟုတ်…

သူမ မျက်လုံးဖြည်းဖြည်း ဖွင့်လိုက်သည့်အခါ သူမဘေးတွင်ထိုင်ကာ သူမကို စိတ်ပူနေကြသော သားတော် နှစ်ပါးကိုတွေ့လိုက်ရသည်။

မေ့လဲနေရာမှ အခုလေးတင်နိုးထလာပေမယ့် သူမစိတ်ထဲတွင် ဒေါသအရှိန်ကတော့ အမြင့်ဆုံးတွင်…

သူမ အိမ်ရှေ့စံကို လှမ်းကြည့်လိုက်ကာ

'ငါ…မင်းကြီးနဲ့ စကားပြောစရာရှိတယ်…မင်းခဏ ထွက်သွားပေး'

'ဒါပေမယ့်…မယ်မယ်က'

'ငါအဆင်ပြေတယ် ဒီကနေသာ ခဏထွက်သွားပေး…'

မယ်တော်ကြီးရဲ့ ကြားဖြတ်စကားကြောင့် အိမ်ရှေ့စံ အတွန့်တက်ဖို့ စိတ်မကူးတော့ဘဲ ထိုင်နေရာမှ ထလိုက်သည်။

ထို့နောက် သူ့ အကိုတော်ဖြစ်သူ မင်းကြီး ရဲ့ ပုခုံးကို ဆုတ်ကိုင်ကာ အားပေးလိုက်ပြီး အခန်းထဲမှ ထွက်သွားခဲ့တော့သည်။

အိမ်ရှေ့စံ တံခါးအပိတ်…

'ဖြောင်း…'

မိဖုရာကြီးက မင်းကြီး၏ ပါးကို အားကုန်သုံးကာ ရိုက်ချလိုက်သည်။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now