Part-3

12.9K 693 26
                                    

သတ်လိုက်ပါ အရှင် …သတ်လိုက်ပါတော့

ထိုသို့တွေးရင်း သူ ခေါင်းမော့ ပေးမိသည်။
အံကိုလည်း တင်းတင်းစေ့ထားမိသည်။
သူ့မျက်လုံးတေမှာတော့ မျက်ရည်တွေအပြည့်ဖြစ်နေတာကိုတော့ သူသတိမထားခဲ့မိပါ။

××××××××××××××××××××××××××××အကြည့်…ထိုအကြည့်တွေ
သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်မည်ဆိုတဲ့ထိုအကြည့်တွေ…
မင်းကြီး kim ထိုအကြည့်ပိုင်ရှင်ကို ဆက်မကြည့်ရက်တော့ ပါ။

သူသည် အတင်းအကြပ်စေခိုင်းခံရတာဖြစ်ချင်ဖြစ်မည်။
ပုံမှန်ဆို ဒီလူလို ငမိုက်သားမျိုးကို ဘာဘဲဖြစ်ဖြစ် အသေသတ်ပစ်မည်ဖြစ်သည့်။
သို့သော် မင်းကြီးkim လို စိတ်ဓာတ်ပြတ်သားသည့် လူမျိုးက အခုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေလေပြီ။

ဘယ်လိုဘဲဖြစ်ဖြစ် သူ မြင်မြင်ချင်းချစ်ခဲ့သည့် လူတစ်ယောက်ကိုတော့ သူဘယ်လိုမှမသတ်ရက်ပါ။
သူ စိတ်ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

'မင်း ဒီနန်းတော်ထဲက သုံးပတ်အတွင်း ထွက်သွားဖို့ ပြင်ဆင်ပါ'
အဲ့လို ပြောရင်း ဓားကိုရုတ်သိမ်း လိုက်သည်။

××××××××××××××××××××××××××××မထင်မှတ်တဲ့ စကားကို ကြားလိုက်ရ၍ သူ မင်းကြီး kim အားအံ့သြစွာ မော့ကြည့်မိသည်။
သူ့မျက်လုံးမှာတွေ ကျေးဇူးတင်ရိပ်တွေက မျက်ရည်စတွေနဲ့ ရောပြွှမ်းလို့…

'အ…အ…အရှင်'

'ငါ အိပ်ချင်ပြီ စကားမများနဲ့တော့ မနက်ကျမှ ဒီကိစ္စကိုဆက်ပြောကြတာပေါ့ ဒိညတော့ ဒီမှာဘဲ အိပ်လိုက်ပါ…သူများတွေမြင်သွားရင် ဘယ်လိုလုပ်မလဲ…ကြားလား'

မင်းကြီးက သြဇာအပြည့်နဲ့ မာကြောစွာပြောနေသော်လည်း သူ့ရဲ့ စကားလုံးတွေက ကရုဏာ သက်သည့် အဓိပ္ပါယ်တွေအပြည့်ယှက်နွယ်နေပေသည်။

'ဟုတ်…ဟုတ်…ဟုတ်ကဲ့ '

သူ အံ့သြစွာဘဲ ပြန်ဖြေလိုက်မိသည်။သူ အိပ်မက်မက်နေတာများလား။ သူ့ပါးကိုသူ ပြန်၍ မယုံကြည်နိုင်စွာ ဆွဲဆိတ်လိုက်သည်။

'နာတယ်မလား ဒါအိပ်မက်မဟုတ်ဘူး'

မင်းကြီးက သူ့ငွေရောင်ဂွမ်းကတ် ပေါ်တွင်လှဲနေရင်းက တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now