Part-21

5.7K 297 14
                                    

'ဘာ…'

တံတားကွေးလေးပေါ်မှာ ထိုင်နေရင်း နားနားကပ်ကာ တီးတိုးပြောလာတဲ့ မယ်မယ် Mar San Eun ရဲ့စကားကြောင့် မိဖုရားကြီး သွေးပျက်မတတ် လန့်သွားရသည်…

လီမိဖုရားငယ် ဆိုတဲ့ သူ့ရဲ့ အချစ်ပြိုင်ဖက်က ယောကျာ်းတစ်ယောက်တဲ့လား…

မင်းကြီးက သူမ ထက် ထိုယောကျာ်းကို ပိုချစ်သတဲ့လား…

အို…ဆန်းကြယ်လှတဲ့ လောကကြီး…

အခုတစ်ခါ သူမ ဘက် အလေးသာပြန်ပြီပေါ့…

'သေချာလို့လား…'

'သေချာပါတယ်…မယ်မယ်…ကျွန်မ နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ…'

'အဟက်…ဒီထက်ပိုသေချာအောင် လုပ်ရသေးတာပေါ့'

သူမ ရွဲ့ပြုံးပြုံးလိုက်ပြီး မင်းကြီးရဲ့ အဆောင်တော်ဘက်ကို လှမ်းကြည့်လိုက်သည်။

'ကျွန်မ မျှော်လင့် ခဲ့တဲ့နေ့ရက်တွေ ရောက်လာခဲ့ပြီ ထင်ပါရဲ့ အရှင်'

သူမ နားချင်ပြီ ဖြစ်သဖြင့် အဆောင်တော်ကို ပြန်ကြွခဲ့သည်။

အပြန်လမ်းကတော့ သူမအတွက် အတော့်ကို သာယာဖြောင့်ဖြူးလှသည်…

လမ်းတစ်ဝက်အရောက် ကျူးလစ်ပန်းခင်းလေးကို မြင်လေတော့ သူမ အကြံတစ်ခုရလိုက်သည်…

ဟိုတစ်နေ့က သူမ မြင်လိုက်သည့် လူနှစ်ယောက်…

ကျူးလစ်ပန်းခင်းလေးထဲ အကြင်နာပေးနေကြသည့် ကောင်လေးနှင့် ကောင်မလေး…

ထို ကောင်လေးကို တစ်ဖက်သတ် ချစ်ခင်စုံမက်နေသည့် အခြားသောကောင်မလေးတစ်ယောက်…

သူမ  ဘယ်သူ့ကို ဘယ်ပုံဘယ်နည်းနဲ့ အရင်ဆုံး စတိုက်ခိုက်ရမလဲ ဆိုတာ သိသွားလေပြီ…

သူမရဲ့ မျက်လုံးများက စူးရှကာ တောက်ပနေ၏။
နှုတ်ခမ်းသားထက်တွင်လဲ အပြုံးမမည်သော အပြုံးတစ်ခုကို ဆင်မြန်းထား၏။

အဆောင်ရှေ့ရောက်ခါနီး ရှေ့တူရူကို လှမ်းကြည့်မိလေတော့ တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတဲ့ လီမိဖုရားငယ်…

'အဟက်…'

သူမ ခနဲ့စွာဘဲ ပြုံးရီလိုက်မိတယ်…

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now