'L E E Y U N J I'
××××××××××××××××××××××××××××
ထိုနေ့မနက်……
Yunji သူ့ကို တစ်ဘဝလုံးစာအတွက် ထားသွားခဲ့လေပြီလို့ တွေးမိတိုင်း kim Lee Hyung အလွန် သောကများရသည်။
Yunjiဆုံးပြီလို့တွေးမိတိုင်း သူ မယုံနိုင်အောင် ဖြစ်ရသည်။
သူ Yunji ကို အလွန်ပင် ချစ်သည်…။
ကျက်သရေရှိတဲ့ အလှတွေနှင့် Yunji က သူ့အား ဆွဲဆောင်ထားသည်ဘဲလေ…။
ယခုတော့ သူ့ရဲ့ ချစ်လှစွာသော Yunji သည် ကောင်းကင်ဘုံတွင် ရောက်နေလောက်ပြီ ဖြစ်သည်…။
တကယ်ဆို Yunji မသေခင်လေး သူ Yunjiကို ဘယ်လောက်ချစ်ကြောင်း ပြောပြခဲ့လိုက်သင့်သည်…။
သို့သော်…ကံတရားက သူ့အား မျက်နှာသာ မပေးခဲ့ပါ…။
သူ Yunji ဆုံးပြီမှန်း သိပြီးကတည်းက တမှိုင်မှိုင် ဖြစ်နေသည်မှာ သုံးရက်လောက်ရှိလေပြီ…။
သူ Yunji ကို မေ့နိုင်ရန် စိတ်ပြေလက်ပျောက် စာကြည့်တိုက်ထဲသွားကာ ညလုံးပေါက် စာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူ စာအုပ်တွေ ဖတ်သော်လည်း စာတွေခေါင်းထဲမဝင်။
သူ့ခေါင်းထဲ ရောက်ရောက်လာတာကတော့ Yunji ရဲ့ ကျက်သရေရှိတဲ့အပြုံး……။
တဖြည်းဖြည်း မှောင်မိုက်လာသော ညကို လမင်းကြီးက အစွမ်းကုန် ထွန်းလင်းထားချိန်ဖြစ်မည်……။
အကိုတော်သည် lee မိဖုရားငယ်၏ လက်ကို ဆွဲကာ စာကြည့်တိုက်ထဲရောက်လာ၏…။
ထို့နောက်သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကြင်နာတွေ ဖလှယ်ကြတော့ လူပျိုလေးဖြစ်တဲ့ Lee hyungတောင် ရှက်မိသည်…ခ်ခ်
သူတို့ ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေး
ပျက်စီးသွားမည် စိုး၍ သူ တိတ်တိတ်လေးသာ နေလိုက်သည်…။သူ ချောင်းကြည့်ရန် မရည်ရွယ်ပါ…။
ထို့ကြောင့် သူ ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေမိသည်…။မိနစ် အနည်းငယ်ကြာတော့ ညီးသံများကြားလာရသည် ။
ကျယ်လောင်သည်ထက် ပိုမိုကျယ်လောင်လာသော ညီးသံများကြောင့် သူ စူးစမ်းချင်မိသွားသည်…။
YOU ARE READING
အယောင်ဆောင်မိဖုရား(completed)
Historická literaturaအရှင် ကျွန်တော့်ကိုချစ်ခဲ့တယ်။ သို့သော် သူ့ရဲ့ ထီးနန်းနဲ့ တိုင်းသူပြည်သားတွေကိုတော့ သူပိုချစ်ခဲ့ပါတယ်...............။ (BL/OC)Warning ကြိုပေးပါရစေနော်။ရေးရင်းရေးရင်းနဲ့  18+ တွေရော 20+ တွေရောကြုံရင်ကြုံသလိုထည့်မှာမို့ ။ Started date-March 22,2019 အရှ...