'ငါမအားဘူး…'
မအားဘူးတဲ့လား??
ပြောရက်လိုက်တာအရှင်ရယ်…ကျွန်မဟာလေ…အရှင့်ရဲ့ ကျွန်မကိုထားသွားတဲ့ နောက်ကျောလေးကိုကြည့်ရင်းတောင် အရှင့်ကို အချစ်ပိုမိသူရယ်ပါ…
အရှင် ပြန်မချစ်နိုင်မယ့် အချစ်တွေကို မျှော်လင့်လို့မရတဲ့ အဆုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယုတ်မာခဲ့ရသူရယ်ပါ…
အရှင်က ဘုရင်တစ်ပါးဖြစ်တာမို့ ကျွန်မချစ်ခဲ့တာလို့များ ထင်နေလေသလားအရှင်…
ကျွန်မကလေ…အရှင်က လူမွဲဖြစ်နေပါစေ…အရှင့်အပေါ် အချစ်ပျက်မှာ မဟုတ်ပါဘူး…
အရှင်မပေးနိုင်မယ့် အချစ်တွေကို တစ်ယောက်တည်းသာ မရရအောင် လုပ်ယူနေရတဲ့ ကျွန်မဟာ အရှင့်အမြင်ရော လူတွေအားလုံးရဲ့ အမြင်တွေမှာပါ လူဆိုးမတစ်ယောက်တဲ့လေ…
ကံကြမ္မာက သိပ်ပြုစားလွန်းတယ်…
ကံကြမ္မာကဘယ်လိုတွေ ပြုစားထားလို့ အရှင့်ဘေးနားက အရှင့်ကို သိပ်ချစ်တဲ့ ကျွန်မကို မမြင်နိုင်ရတာလဲ အရှင်…
ကျွန်မမှာလေ 'အချစ်'ဆိုတဲ့ အရာကို ရဖို့အရေး လူလည်း အများကြီး သတ်ခဲ့ဖူးတဲ့ မိန်းမကြမ်းကြီးဖြစ်ခဲ့ရတယ်…
ကျွန်မငယ်ငယ်ကပေါ့…
အမတ်ကြီး ဖြစ်တဲ့ ခမည်းတော် ခေါ်ဆောင်ရာ နန်းတော်ကြီးကို အလည်လိုက်ပါလာခဲ့တယ်…
ညဘက်ရောက်တော့ တံတားကွေးလေးနား လမ်းလျှောက် နေတုန်း တံတားကွေးလေးပေါ်မှာ ထိုင်ရင်းခြေထောက်လေးကို ရေထဲချပြီး လမင်းကြီးကို မော့ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်ခဲ့မိတယ်…
ဖြူစင်စွာနဲ့ပေါ့…
အဲ့ကောင်လေးက အိမ်ရှေ့စံတစ်ယောက်မှန်း သိခဲ့တဲ့ အချိန် က…
ကျွန်မ အရှင့်ကို ချစ်တဲ့စိတ်တွေနဲ့ ပိုင်ဆိုင်လိုခဲ့တုန်း အချိန်ပေါ့…ကျွန်မအရှင့်ကို ပိုင်ဆိုင်ရတဲ့အချိန် ကျွန်မသိလိုက်တဲ့အမှန်တရားက အရှင် ကျွန်မကို မချစ်ခဲ့ဘူး ဆိုတာဘဲ
YOU ARE READING
အယောင်ဆောင်မိဖုရား(completed)
Ficção Históricaအရှင် ကျွန်တော့်ကိုချစ်ခဲ့တယ်။ သို့သော် သူ့ရဲ့ ထီးနန်းနဲ့ တိုင်းသူပြည်သားတွေကိုတော့ သူပိုချစ်ခဲ့ပါတယ်...............။ (BL/OC)Warning ကြိုပေးပါရစေနော်။ရေးရင်းရေးရင်းနဲ့  18+ တွေရော 20+ တွေရောကြုံရင်ကြုံသလိုထည့်မှာမို့ ။ Started date-March 22,2019 အရှ...