Part-22

5.5K 310 16
                                    

'ကျွန်မကို ဘာကြောင့် ဒီနေရာခေါ်လာတာလဲ'

မျက်ရည်စ အချို့ကို သုတ်ရင်း Nammi ပြောလိုက်သည်

'ဘာလိုချင်လို့လဲ…'

သူမနောက်တစ်ခွန်းထပ်မေးတော့မှ မိဖုရားကြီးက

'မင်းသမီးလေးက သဘောပေါက်လွယ်ပါတယ်…မင်းသမီးလေး စစ်သူကြီးကို မချစ်ဘူးလား'

မျဖုရားကြီးက ပြောမှဘဲ မင်းသမီးလေး ပြုံးပျော်နေတဲ့ စစ်သူကြီးကို လှမ်းကြည့်မိသည်…

'သိပြီးသားဘဲမလား ဘာလို့လာမေးနေတာလဲ'

'ချစ်တဲ့ လူ ဆိုတော့ မင်းသမီးလေး မပိုင်ဆိုင်ချင်ဘူးလား မပိုင်ဆိုင်ချင်ဘူး လို့တော့ မုသားမပြောနဲ့နော် လူတိုင်း ကိုယ်ချစ်တဲ့ လူ ကို ပိုင်ဆိုင်ချင်ကြတာဘဲ…'

'ဒါပေမယ့်…'

'မေးတာဘဲဖြေပါ…'

'ပိုင်ဆိုင်ချင်တော့ရော ဘာလုပ်ပေးနိုင်မှာမို့လဲ'

'လုပ်ပေးနိုင်ရင်ကော…'

'ပျော်မိမှာပေါ့…'

'လုပ်တော့ လုပ်ပေးချင်ပေမယ့် အပေးအယူတော့ရှိရမယ်…'

'ဘာ အပေးအယူလဲ…'

'………………'

မိဖုရားကြီးက Nammi ရဲ့ နား နားကို ကပ်ကာ တီးတိုးပြောလိုက်သည်…

မင်းသမီး အတော်တုန်လှုပ်သွားရသည်…
ထို့နောက် ခဏစဉ်းစားကာသူမပြန် ပြောလိုက်သည်က…

'ဟုတ်ကဲ့ ကျွန်မလုပ်မယ်…'

××××××××××××××××××××××××××××

'ဟဲ့ အစေခံမ …နင်ငါနဲ့ ခဏလိုက်ခဲ့…'

'ဟုတ်…ဟုတ်ကဲ့ပါ မင်းသမီးလေး'

မင်းသမီးရဲ့ အပြောကြောင့် Seung Ra အနည်းငယ်တွေဝေသွားသည်။

ညဘက်ကြီး မင်းသမီးလေးက သူ့ကို ဘာလို့ ကိုယ်တိုင်လာခေါ်ရတာပါလိမ့်…

ရှေ့က နေ သွက်သွက် လျှောက်သွားတဲ့ မင်းသမီးလေးရဲ့နောက် Seung Ra လိုက်သွားမိသည်…

လမ်းသွားနေရင်းပင် သူမ အင်္ကျီထဲတွင် ထည့်ထားသည့် ပိုးစုန်းကြူးဖန်ဘူး လေးကို ထုတ်ကြည့်ကာ ပြုံးပျော်နေ၏။

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now