သူမလိုအပ်သည့် တစ်ခုတည်းသောအရာက
မင်းကြီး၏ အချစ်ပင်
ဖြစ်လေရော့သလားကွယ်…။××××××××××××××××××××××××××××
အလွန်သာယာတဲ့ မနက်ခင်းလေးဖြစ်သည်။
ဆောင်းဦးရောက်ပြီမို့ အနည်းငယ် ချမ်းလှသော်လည်း သူမ အတွက်တော့ ပျော်ရွှင်မှုဖြင့်ပြည့်နေသည်။ဘာလို့ဆို သူမသည် သူမချစ်သော ကျူးလစ်ပန်းလေးများနှင့် ထိတွေ့ခွင့်ရသောကြောင့်ပင်…။
'အဲ့ ပန်းတွေကို မင်းရည်းစားများ အောက်မေ့နေလား Jung Seung Ra …'
စစ်သူကြီး အပြစ်ဆိုလည်းဆိုချင်စရာပင်…
Seung Raတစ်ယောက် ပန်းတွေကို နမ်းလိုက် ရှုတ် လိုက် ပန်းတွေခူးပြီး ပန်လိုက် ပန်းလေးတွေကို ကြည့်ပြီး စကားတွေပြောလိုက် ဖြင့် တစ်ယောက်တည်း အလုပ်ရှုတ်နေပေသည်…။'ရှင်…မဟုတ်ပါဘူး …ကျွန်မ ဒီ ကျူးလစ်ပန်းလေးတွေကို အရမ်းချစ်လို့ပါ…ကြည့်ပါဦး…ဘယ်လောက်ချစ်ဖို့ကောင်းသလဲလို့… အရောင်စုံတဲ့ ပန်းခင်းလေးတွေ…အို…ချစ်လိုက်တာရှင်…'
အားရဝမ်းသာပြောနေတဲ့ Seung Ra ကိုကြည့်ရင်း စစ်သူကြီး တိတ်တခိုးပြုံးမိသည်။
'ကျွန်မပြောတာ မှားနေလို့လားရှင့်… စစ်သူကြီး…ရှင်ရော…ဒီပန်းလေးတွေကို မချစ်ဘူးလား…'
Seung Ra က ပြောပြီးသည်နှင့်
ပန်းခင်းထဲက အလှဆုံး အပွင့်လန်းဆုံးဆိုတဲ့ ပန်းလေးတစ်ပွင့်ကို ရွေး၍ ခူးယူလိုက်သည်။ထိုကျူးလစ်ပန်း နီနီရဲ လေးအား စစ်သူကြီး Jeon Jah Jin ၏ နားရွက် အပေါ်ဘက်ထက် ပန်ပေးလိုက်သည်။
ရုတ်တရက် ပန်းပန်ပေးနေတဲ့ Seung Ra ရဲ့လက်ကလေးကို စစ်သူကြီးက သူ့ရဲ့ လက်ဖဝါးလေးဖြင့် အုပ်ကိုင်လိုက်သည်။
YOU ARE READING
အယောင်ဆောင်မိဖုရား(completed)
Historical Fictionအရှင် ကျွန်တော့်ကိုချစ်ခဲ့တယ်။ သို့သော် သူ့ရဲ့ ထီးနန်းနဲ့ တိုင်းသူပြည်သားတွေကိုတော့ သူပိုချစ်ခဲ့ပါတယ်...............။ (BL/OC)Warning ကြိုပေးပါရစေနော်။ရေးရင်းရေးရင်းနဲ့  18+ တွေရော 20+ တွေရောကြုံရင်ကြုံသလိုထည့်မှာမို့ ။ Started date-March 22,2019 အရှ...