Part-5

11.9K 636 6
                                    

ထိုနေ့က တစ်ညလုံး တစ်ယောက်ရဲ့ အတိတ်ကို တစ်ယောက် ရင်ဖွင့်မိကြလေသည်။

နားလည်မှုတွေ…သနားကြင်နာမှုတွေ နဲ့ပေါ့…

××××××××××××××××××××××××××××

Seung Ra ကတော့ မင်းကြီးက မယ်မယ့်ကို ဘာလို့ သူ့ကို ရှောင်ခိုင်းဖို့ အမိန့်ပေးရတာလဲဆိုပြီး စဉ်းစားနေလေရဲ့…။

ပြီးတော့ မယ်မယ့်ကို ကြည့်တဲ့မင်းကြီးရဲ့အကြည့်တွေမှာ သနားကရုဏာသက်မှု ၊ ကြင်နာမှု တွေရောယှက်ဖလှယ်နေတာကို သူမကောင်းကောင်းကြီး သတိထားမိပါတယ်။

မင်းကြီးနဲ့ မယ်မယ်တို့ ဘာတွေများ ဖြစ်နေကြမလဲဆို တာတွေးရင်း အသည်းတွေ ကျလိကျလိ ဖြင်း ယားလာကာ လှန်းရမဲ့ အဝတ်လေးကို ကိုက်နေမိတော့သည်။

ထိုအချိန်…

'မင်း ဒါဘာလုပ်နေတာလဲ'

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ အရပ်ဝတ်ထားတဲ့ ယောကျာ်းတစ်ယောက်…

'ဘာလုပ်နေတာလဲ မေးနေတယ်လေ'

'ကျွန်မဘာသာ ကျွန်မဘာဘဲ လုပ်လုပ် ရှင်နဲ့ ဘာဆိုင်လို့တုန်း …ဒါနဲ့ …ရှင်…ရှင် နန်းတော်ထဲကို ဘာလာလုပ်တာလဲ …ရှင်…ရှင် …သူခိုးမလား…ကျွန်မရိုက်လိုက်မှာနော်'

ပြောရင်းနဲ့ Seung Ra က အဝတ်လျှော်တဲ့ တင်းပုတ်ကို လမ်း ကိုင်ကာ ရိုက်ရန် အသင့်အနေအထားပြင်လိုက်သည်။

ထို အရပ်သားက တစ်ချက် ခနဲ့ စွာ ပြုံးလိုက်ကာ

'မင်းနဲ့ မဆိုင်ပါဘူး ငပေါမရဲ့ '

'ဘာ… ကျွန်မကို ငပေါမလို့မခေါ်နဲ့ …ရှင်ကမှ အရူးကြီး …ရှင် မင်းမျက်မင်းဒဏ်သင့်မှာ မကြောက်ဘူးလား …'

Seung Ra ကြောက်လွန်းလို့လက်တွေ ခြေတွေပင်တုန်နေပြီ ဖြစ်သည်။

'မင်း ငါ့ အရှေ့ ကဖယ်မလား…မဖယ်ဘူးလား…'

'မဖယ်ဘူး'

'ပြီးမှ ငါ့အဆိုး မဆိုနဲ့နော်'

ထိုသို့ပြောရင်း အရပ်သားက ရှေ့သို့တိုးလာ၏။

'ရှင် …အရှေ့တိုးမလာနဲ့ ကျွန်မတကယ် ရိုက်မှာနော် …'

'မင်း ရိုက်ရဲရင် ရိုက်ကြည့်လိုက်လေ…'

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now