'ဘာလို့ ငါ့ကို လိမ်ထားရတာလဲ Yunji'
Yunji မထင်မှတ်ထားတဲ့စကားကို ကြားလိုက်ရတော့ မျက်လုံးအပြူးသားဖြစ်ကာ အံ့သြသွားရတော့သည်…။
'အိမ်…အိမ်ရှေ့စံ…ဘာတွေပြောနေတာလဲ နားမလည်ဘူးရှင့်…ကျွန်…ကျွန်မကို သွား…သွားခွင့်ပြုပါ…'
သူအမြန်ဆုံး ထွက်သွားရန်ခြေလှမ်းပြင်လိုက်သည်…။
ထို့နောက် သူ့လက် ကို ဆွဲလိုက်သည့် Lee hyung…။
'မင်းမှတ်မိလား…Yunji… ငါ တောထဲမှာမျက်စိလည်ပြီး ချောက်ထဲကျသွားတုန်းက မင်းရဲ့ ဒီလက်ကလေး…မင်းရဲ့ …နုဖတ်နေတဲ့ ဒီလက်ကလေးနဲ့ ငါ့ကို လက်လေးကမ်းပေးခဲ့တာလေ…'
Lee hyung က ငိုရင်း ပြောနေတော့ Yunjiလဲ လူဘဲကွယ်……။
စာနာသနားတတ်တာပေါ့…။
Yunji ရဲ့ ပါးနုနုထက်မှ မျက်ရည် တစ်ပေါက် စီးကျလာသည်။
'တော်…တော်ပါတော့…'
Yunji ဒီဒဏ်တွေကို မခံနိုင်တော့ပါ…။
ဖုံးကွယ် ထားရခြင်းသည် အလွန်ပင်မွန်းကြပ်စေသည် မဟုတ်ပါလား…။
Lee hyung က Yunji ကို သူနှင့် မျက်နှာချင်းဆိုင်လိုက်စေပြီး Yunji ၏အသည်းပုံ နှုတ်ခမ်းလေးကို လက်လေးဖြင့် ဖွဖွလေး ထိရုံသာထိလိုက်သည်။
'မှတ်မိလား…Yunji ငါရေနစ်တုန်းက မင်းငါ့ကို ဒီနှုတ်ခမ်းလေးနဲ့ အသက်ကယ်ခဲ့တာလေ…'
'ငါ…ငါ…'
Yunji မနေနိုင်စွာဖြင့် စကားပြောမည်ပြုသော်လည်း ဝမ်းနည်းမှုက လည်ချောင်းတွင် ဆို့တက်လာခြင်းကြောင့်
စကားသံတို့ ပွင့်အံကျမလာခဲ့…။'မှတ်မိလား…Yunji …ငါတို့ရဲ့ ပျော်စရာအချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြတယ်လေ…'
'ငါ…ငါ တောင်းပန်ပါတယ်…lee hyung ငါတောင်းပန်ပါတယ်…'
Yunji ဖြေမဆည်နိုင်စွာပြောလိုက်၏။
Lee hyung က Yunji ရဲ့ မျက်နှာကို ကိုင်ကာ နှုတ်ခမ်းကို နမ်းရှိုက်လိုက်၏။
Yunji လန့်ထိတ်သွားကာ lee hyung ကို တွန်းဖယ်လိုက်သည်။
'ငါ…ငါက မင်းသူငယ်ချင်းပါ…'
YOU ARE READING
အယောင်ဆောင်မိဖုရား(completed)
Fiction Historiqueအရှင် ကျွန်တော့်ကိုချစ်ခဲ့တယ်။ သို့သော် သူ့ရဲ့ ထီးနန်းနဲ့ တိုင်းသူပြည်သားတွေကိုတော့ သူပိုချစ်ခဲ့ပါတယ်...............။ (BL/OC)Warning ကြိုပေးပါရစေနော်။ရေးရင်းရေးရင်းနဲ့  18+ တွေရော 20+ တွေရောကြုံရင်ကြုံသလိုထည့်မှာမို့ ။ Started date-March 22,2019 အရှ...