Extra

11.6K 410 24
                                    

ဆယ့်ငါးနှစ်တိုင်ကြာခဲ့လေပြီ

ထိုမျှနှစ်ပေါင်းများစွာ ကြာခဲ့သော်လဲ ရွှေနန်းတော်၏ ကျိန်စာသင့်ခဲ့သော ရက်စွဲများကိုတော့ ဘယ်သူမှ မေ့မရနိုင်ခဲ့ပါ…

မင်းကြီး kim lee hyung တစ်ယောက်ကတော့ လသာဆောင်တွင် ထိုင်မြဲ ထိုင်ဆဲ

သူ့ အကိုတော်သည် သူ့အား ထီးနန်းလွဲအပ်ကာ တောထဲတွင် တစ်ယောက်တည်းသွားနေခဲ့သည်လေ…

သူ အကိုတော့်ကိုလည်း လွမ်းမိပါသည်

သွားလေသူ သူ့ အချစ်ဆုံးသူငယ်ချင်းကိုလဲ လွမ်းမိပါသည်…

တမ်းတမိပါသည်…

နေမင်းကြီးသည်ကား စာနာမှု မရှိချေ …ထိန်လင်းမြဲ ထိန်လင်းဆဲ…
သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေခဲ့သည်။

ပါးပြင်ထက်ကျလာသော မျက်ရည်တို့ကို သူ သုတ်လိုက်သည်။

သူ့ဘေးတွင် သူ့ကို အရာရာ နားလည်ပြီး ချစ်ပေးနိုင်မည့် Kpslmy ဟူသည့် ချစ်သောကြင်ယာတော် တစ်ပါးလည်း ရှိနေပြီဖြစ်သည်။

**************

စစ်သူကြီး တစ်ယောက် ကျူးလစ်ပန်းလေးတွေနှင့် အတူတူ ဆော့ကစားရင်း ပျော်မြူးနေသည်။

'စစ်သူကြီး… ထမင်းစားမယ်…လာတော့လေ…'

Nammi က ထမင်းစားရန် လှမ်းခေါ် ခြင်းပင်…

'ဟာ စားချင်သေးပါဘူး…ငါ့ ပန်းကလေးနဲ့ အတူတူ ဆော့နေတယ်…'

'လာပါ စစ်သူကြီးရဲ့ …လာပါ…ပြီးရင်ပြန်ဆော့နော်…'

'ပြီးရင် ပြန်ဆော့မှာနော်…နင်တကယ်ပြောတာလား'

'တကယ်ပေါ့…'

သူတို့နှစ်ယောက် အဆောင်တော်ကို ပြန်ခဲ့ကြသည်…

စစ်သူကြီး၏ ပါးနှစ်ဖက်က ပါးချိုင့်လေးတွေကတော့ အရင်ကလိုပင် ချစ်စရာကောင်းစွာ…

Nammi စစ်သူကြီးကို ကြက်သားပြုတ်ရည် ခွံ့နေရင်းနှင့်ပင် ပါးထက်မှ မျက်ရည်တို့ စီးကျလာသည်။

သူမ ၏ အပြစ်တို့ကို သူမကိုယ်တိုင်ပင် ခွင့်မလွှတ်နိုင်သေးချေ…

အယောင်ဆောင်မိဖုရား(completed)Where stories live. Discover now