D-11
အောက်ဘက်မှ ခလုတ်ဆီ လက်တစ်ဖက်နဲ့ ဖြည်းဖြည်းချင်း ဖိဆွဲလိုက်တဲ့အချိန်မှာ ထိုင်ခုံအမှီက ဟိုးအနောက်ကို တမြေ့မြေ့ ယိုင်ကျသွားတယ်။
ကားတွင်းအပူချိန်က တော်တော်လေး မြင့်တက်နေတယ်။
ခပ်ပြင်းပြင်း ရှူရှိုက်နေသော အသက်ရှူသံတွေရဲ့ကြား၊ ခွန်အားပြည့်နေတဲ့ လက်နှစ်ဖက်က ပုခုံးတန်းတစ်စုံပေါ် အတင်း တွန်းဖိထားတာလည်း ခံစားရတယ်။ပရော်ဖက်ဆာနဲ့ ကျောင်းသူမို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တဲ့ သူဟာ အခုတော့ဖြင့် သူ မဟုတ်တော့တဲ့အတိုင်းပဲ။
driver seat ပေါ်ကနေ passenger seat ပေါ်ကို ကုပ်တွယ်တက်လာရင်းက၊ အသာအယာ ဝေးကွာနေတဲ့(ဖွင့်ဟထားတဲ့) နှုတ်ခမ်းနှစ်လွှာထက် အပေါ်တစ်လှည့် အောက်တစ်လှည့် သူဟာ တမက်တမော စုပ်ယူတယ်။
နှာနုရိုးကို သူ့ရဲ့ မျက်မှန်ကိုင်းက ဖွဖွလေး လာ ထိတိုက်နေပေမယ့် အဲ့ဒါဟာ သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ချင်စရာတော့ မကောင်းဘူး။
အဲ့ဒီအစား စိတ်ကျေနပ်စရာပဲ ကောင်းနေတယ်။စုပ်ယူရတာ တစ်အောင့် ငြီးငွေ့သွားပုံ ပေါ်တဲ့အချိန်မှာ သွားစွယ်ဖြူဖြူတွေကို အောက်နှုတ်ခမ်းသားထဲ ထိုးစိုက်လိုက်တယ်။
သူ့သွားစွယ်များရဲ့ အလိုအတိုင်း နှုတ်ခမ်းတွေ စေ့ပိတ်ထားခြင်းလုပ်ငန်းကို အလိုက်တသိ ရပ်နားပေးမိခဲ့တဲ့အခါ သွက်လက်တဲ့ လျှာဖျားတစ်လွှာက ခံတွင်းထဲ လျင်လျင်မြန်မြန်နဲ့ ရစ်တွယ် ဝင်ရောက်လာတယ်။ကားအတွင်းထဲက အပူချိန်ဟာ တဖြည်းဖြည်းနဲ့ ပိုပြီး မြင့်တက်လာတာ သိသာနေသလို၊ ကုတ်အင်္ကျီကို သူ အလောတကြီး ဆွဲချွတ်နေတာလည်း အာရုံရတယ်။
နိမ့်လိုက်မြင့်လိုက် ဖြစ်နေတဲ့ စိတ်ခံစားမှုတစ်ချို့အတိုင်း အနမ်းတွေဟာ နှစ်ဦးသဘောတူအနေနဲ့ အလိုက်တသင့် ဆက်လက် လှုပ်ရှားနေတယ်။
လက်ဆယ်ချောင်းက သူ့ဆံပင်တွေထဲမှာ။ပတ်ဝန်းကျင်ကတော့ မှောင်မိုက်နေတယ်။
ဒီနေရာကနေ တိုက်တာ အဆောက်အအုံတွေကိုလှမ်း မတွေ့ရသလို ကြယ်တွေ လတွေရဲ့ အလင်းရောင်လည်း မရှိ။