"သဲလေး mint choco စားမလား"
မျက်မှန် တပ်ထားတဲ့ စီနီယာ Sungkyu က မှန်ပုံးထဲက ရေခဲမုန့်တစ်ချို့ကို လက်ညှိုးထိုးရင်း ကျွန်မဆီ လှည့်ကြည့်ပြီး မေးတယ်။
ခါတိုင်း စီနီယာက မျက်မှန် တပ်လေ့ရှိသလား မသေချာသလို၊ အခုလည်း ပါဝါ ပါသလား ဒီတိုင်း စတိုင် မိုက်အောင် တမင် အလှတပ်ထားခြင်းလား ဆိုတာ ကောင်းကောင်းမသိပေမယ့်၊ စီနီယာက မျက်မှန်နဲ့ လိုက်ဖက်တာကိုတော့ ခံစားမိတယ်။"ဟင့်အင်း mint choco မကြိုက်ဘူး"
အမှန်တော့ အရင်က ကြိုက်တယ်။
Woohyun က အဲ့ဒီ အရသာကို မစားတာနဲ့ နောက်ပိုင်း ကျွန်မလည်း လိုက် မစားဖြစ်တော့တာ။
အဲ့လောက်အထိတော့ စီနီယာ့ကို အသေးစိတ်မရှင်းပြဖြစ်လိုက်ဘူး။ တကယ်လို့ ရှင်းပြဖြစ်ခဲ့ရင်တောင် သေချာပေါက် စီနီယာက ကျွန်မကို ပြူးကြောင်ကြောင်နဲ့ အကြာကြီး ပြန် ငေးကြည့်နေမှာ ကျိန်းသေတယ်။"အဲ့ဒါဆို သဲ ဘာအရသာစားချင်လဲ ကိုယ့်ကိုပြော"
"ညီမတို့ ရေခဲမုန့် မစားလို့ မရဘူးလား"
"ဟင် အဲ့ဒါဆို သဲ စားချင်တာပြောလေ
ဘာစားချင်တာလဲ"ဖွင့်ထားတဲ့ ပိုက်ဆံအိတ်ကို စီနီယာက လှစ်ခနဲ ပြန်ပိတ်ပြီး တစ်ကိုယ်လုံး ကျွန်မဘက် လှည့်လာတယ်။
မဆုံအောင် မရမက ရှောင်နေတယ်ဆိုပါမှ ဟိုတယ်မှာ ပြောင်းနေနေတာကို ဘယ်လိုကနေ ဘယ်လို သိမှန်း မသိ သိသွားပြီး၊ အလိုက်ကမ်းဆိုးနားမလည်စွာ လာရှာဖွေ ချွဲနွဲ့တာမို့ ညနေပိုင်းမှာ အခုလို အောင့်သက်သက်နဲ့ date ပေးနေရတဲ့အဖြစ်။
ဒါပေမယ့် တွေးကြည့်ရင် ဘယ်တစ်ယောက်ဘက်က စတင်လိုက်မှန်း မသိဘဲ ဝုန်းခနဲ ထ ဖြစ်မြောက်သွားတဲ့ ဟောဒီ အချစ်ရေးမှာ စီနီယာတစ်ယောက်တည်းကိုပဲ အပြစ်သွားပြောလို့ကလည်း မရပြန်သေး။
ကျွန်မကတော့ စိတ်ညစ်တာပဲ သိတော့တာ။"သဲ အခုထိ စိတ်မကြည်သေးဘူးလား
အခုရက်ပိုင်းတွေ အိမ်လည်း ပြန်မလာဘူး အခုလည်း ကိုယ့်ကို သေချာတောင် စေ့စေ့မကြည့်ဘူး"ရေခဲမုန့်ဆိုင်ကနေ ထွက်လာပြီး လမ်းမှာ တစ်လျှောက်လုံး စီနီယာက တတွတ်တွတ်နဲ့ ဝမ်းနည်းကြောင်းတွေ ခြွေချလာသော်လည်း၊ ကျွန်မကတော့ သစ်ပင်ပေါ် ချိတ်ထားတဲ့ မီးလုံးသေးသေးလေးတွေဆီ ငေးရင်းက Woohyun ကိုပဲ အဆက်အစပ်မရှိ လွမ်းနေမိရော။