တစ်ခါတစ်ရံမှာ အမှန်တရားကို မျက်ကွယ်ပြုရင်း ဘာဆို ဘာမှ မသိဘဲ နေသွားရတာဟာ တကယ် စိတ်သက်သာရာ ရတယ်လို့ လူတွေက ပြောလေ့ ရှိတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာ၊ အဲ့လို ဘာကိုမှ မသိဘဲ နေနေရတာကမှ တကယ့် နာကျင်စရာအစစ်အမှန် ဖြစ်နေတတ်တဲ့ အချိန်တွေက ပိုများတယ်။
အမှန်တရားဟာ အနီးဆုံးမှာ လျှောက်လှမ်းပျံဝဲနေပေမယ့် ထုံထိုင်းစွာနဲ့ မမြင်နိုင်ခဲ့တာ။ အဲ့လိုနဲ့ အမှန်တရားကို တွေ့ရှိသွားတဲ့ အချိန်ဟာ လိုတာထက် ပို နောက်ကျသွားခဲ့ရင်၊ အဲ့ဒီမှာ၊ အရာအားလုံးက တကယ် နောက်ကျသွားတော့တာ။
အရာအားလုံး။
အရာအားလုံးကပေါ့။
🌓🌓🌓
D-Day
"...ပရော်ဖက်ဆာ"
ဒီနေ့ ကျွန်မ လိုတာထက် ပို အားနည်းနေတယ်။
ဒီကမ္ဘာမှာ နေခွင့်ရှိတဲ့ နောက်ဆုံးရက်မို့လို့ ထင်တယ်။အိပ်ရာပေါ်ကလည်း မထနိုင်ဘူး။ (မထနိုင်တာလား မထချင်တာလား ဆိုတာကတော့ သိပ်ပြီး သဲသဲကွဲကွဲ မရှိပေမယ့်။)
အိပ်ရာပေါ်က မထနိုင်သေးလို့ ဟူသော အသံတိတ် ဆင်ခြေကို တိတ်တဆိတ် ယူသုံးပြီး၊ ဘေးမှာ လှဲနေတဲ့ သူ့ကို တင်းတင်း ဖက်၊ သူ့ရင်ခွင်ထဲ တိုးဝှေ့ဝင်လိုက်တယ်။နောက်ဆုံး ဆိုတဲ့ အရာ မှန်သမျှကို အိပ်မက်တွေအနေနဲ့ပဲ ရှိနေစေချင်မိတာ အသည်းအသန်။
" နိုးပြီလား Dajeong ssi
မနက်စာ ဘာစားချင်လဲ "ပရော်ဖက်ဆာဟာ တစ်ခါတစ်လေမှာ တကယ် Woohyun အတိုင်းပဲ။
Woohyun က ကျွန်မအတွက် ရည်ရွယ်ပြီး တစ်ခုခုကို ပြင်ဆင်ချက်ပြုတ်ပေးရတိုင်း တအား ပျော်တယ်လို့ အမြဲ ပြောတတ်တဲ့ ကောင်လေး။
ကျွန်မ အခု သတိထားမိသလောက် ပရော်ဖက်ဆာကလည်း ကျွန်မရဲ့ မနက် နေ့လည် ညစာနဲ့ ပတ်သက်ပြီး သေချာ ဂရုတစိုက်ရှိတာကို တွေ့ရတယ်။
ညလယ်စာ ဘာစားချင်လဲ။
မနက်စာ ဘာလုပ်ပေးရမလဲ။
ဟိုးအရင်ကတည်းက လုပ်နေကျ တာဝန်တစ်ခုလိုမျိုး။
ပရော်ဖက်ဆာဟာ တကယ်ကို အလှဆုံး Dejavu တစ်ခုနဲ့ တူလွန်းတယ်။