Episode16, Fake Truth

1.6K 219 17
                                    

UNICODE (Zawgyi below)

Jenlisa တို့ New life foundation အဆောက်ဦးနားရောက်နှင့်နေကြတယ်။ Jihyo တို့တွေလာရင် သတိမထားမိလောက်မဲ့ မနီးမဝေးနေရာမှာ ကားရပ်ထားပြီး စောင့်ကြည့်နေကြတယ်...

••••••••••••

New life foundation အဆောက်ဦး တတိယထပ်က coffee ဆိုင်လေး...
လူသူရှင်းပြီး အေးအေးဆေးဆေး ရှိတယ်။
ဧည့်သည်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးပြီမို့ Soo တစ်ယောက် အဲ့ဒီဆိုင်လေးမှာ ထိုင်နေတယ်။ ခဏနေတော့ ဆိုင်ထဲ တစ်ယောက်ဝင်လာတယ်။ Soo က လက်လှမ်းပြရင်း ခေါ်လိုက်တယ်။

"Hey Chae.."

Chaeyong က သူမနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်လိုက်တယ်။

Chae ။ ။ "ဒီနေ့ရော အခြေနေဘယ်လိုလဲ"

Soo ။ ။ "အဆင်ပြေပါတယ်။ နင်ရော.."

Chae ။ ။ "ဒီလိုပါပဲ။ ထွေထွေထူးထူး မရှိဘူး"

Chae က Capuchino တစ်ခွက်မှာလိုက်တယ်။

ခဏတိတ်ဆိတ်နေကြပြီး..Chae ကတစ်ခုခုကို သတိရဟန်နဲ့...

Chae ။ ။ "Soo ya ငါဒီကိုလာရင်း ကားပေါ်မှာ ရုတ်တရက်တစ်ခုခုကို သတိရခဲ့တယ်။ ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်တာကြာနေပြီ။ အဲ့ကိစ္စ ငါဟိုးနေ့ပြီးထဲက တွေးနေတာ အခုတော့ပြောမှပဲ"

Soo ။ ။ "ဘာကြီးလဲ "

Chae က သူမကိုယ်ကို ယို့လိုက်ပြီး သူမနားကပ်လိုက်ကာ လေသံလျော့ပြီးပြောတယ်။
Chae ။ ။ "အဲ့နေ့တုန်းက ကရိန်းကားပေါ်ရဲမေလေ..."

Soo က စိတ်ဝင်တစားနားထောင်နေတယ်။

Soo ။ ။ "အင်း..."

Chae ။ ။ "ငါသူ့ကို လွန်ခဲ့တဲ့ ၂နှစ်က Australia က အပြည်ပြည်ဆိုင်ရာ အထူးရဲသားများ သင်တန်းများတွေ့ဖူးခဲ့တယ်။ သူက အဲ့တုန်းက နာမည်ကြီးတယ်။ ထိုင်းနဲ့ ကိုရီးယား ကပြိုင်ဘက်တွေဖြစ်ခဲ့တာလေ။ သူက ကိုရီးယားရဲမေတွေထဲ အတော်ဆုံးပဲ။ ငါ အဲ့မှာ သူနာပြုတာဝန်ကျခဲ့တာမို့ သိနေတာ။
Lisa ကိုကချက်ချင်းမှတ်မိခဲ့ပေမဲ့ သူနဲ့တွေ့တဲ့အချိန်ကကျ ပြဿနာအကြီးကျယ်တက်ပြီး သေမလိုဖြစ်နေတဲ့အချိန်မို့ မတွေးမိဘူးဖြစ်သွားတယ်။ ဒါပေမဲ့ မြင်ဖူးသလိုတော့ခံစားနေရပါတယ်လို့လေ...သူ့နာမည်က...ဟိုကွာ...Jennie Kim
ဟုတ်တယ်မလား။..နင်လည်း သူ့ကို အထက်တန်းတုန်းက သိခဲ့တယ်မလား..."

Fearless Girls {completed} Z+U Where stories live. Discover now