Episode 18, Phone Calls

1.8K 212 11
                                    

UNICODE (Zawgyi below)


Seoul မြို့ရှိကွန်ဒိုတိုက်ခန်းတစ်ခုမှာ Chae နဲ့ Soo တို့ ရှိနေကြသည်။ ခုတင်ပေါ်ထိုင်နေကြရင်း Soo က Lisa နဲ့ပြောခဲ့တဲ့အကြောင်းရာတွေကို Chae ကိုပြန်ပြောပြနေတယ်။...

Chae စိတ်ထဲလေးသွားမိတယ်...

Chae ။ ။ "အဲ့ဒါ Lisa အတွက်ထိခိုက်နိုင်တယ်။"

Soo ။ ။ "ငါလည်းသိတယ်။ အဲ့ဒါကြောင့် သူ့ကိုမသိချင်ဆောင်ဖို့ပဲပြောခဲ့တယ်။ ငါတို့ဘက်မှာ ပြင်ဆင်စရာတော့လိုလာတာအမှန်ပဲ။ Hwan Dae ကို ဒီထက်ပိုပြီးခိုင်းရတော့မယ်။ သူကိုယ်တိုင် သဘောတူခဲ့တာဆိုပေမဲ့လည်း ငါသူ့ကိုသနားလှပြီ။ ငါ့ကြောင့်နဲ့ အခြားလူတွေကို မထိခိုက်စေချင်တော့ဘူး။ ပြီးတော့ Jennie... သူငါ့ကိုထွက်တောင်မတွေ့ဘူး။ သူ့စိတ်ထဲ ဘယ်လိုခံစားနေရလို့ ထွက်မတွေ့နိုင်လဲမသိပေမဲ့ ငါ့ကို စိတ်ပျက်နေတာပဲဖြစ်ပါစေလို့ဆုတောင်းမိတယ်။ မဟုတ်ရင် သူရူးမိုက်တာတွေမလုပ်ဘူးလို့ အာမခံလို့မရဘူး...."

Chae က သက်ပြင်းချရင်း ပြုံးပြတယ်...

Chae ။ ။ "All is well..remember?"

Soo က Chae ကို ပွေ့ဖက်လိုက်ပြီး ပြန်လွတ်ပေးကာ ပြုံးပြလိုက်သည်။

Soo ။ ။ "ကားပေါ်မှာတုန်းက GD oppa ကိုတော့ အခြေနေအကုန်လှမ်းပြောခဲ့တယ်။ ရဲတွေက ဒီကွန်ဒိုလိပ်စာနဲ့ ငါ့ဖုန်းနံပါတ်ကိုတောင်းလို့ ပေးခဲ့ရသေးတယ်။"

Chae ။ ။ "ဂိုဏ်းနဲ့ဆက်သွယ်ဖို့သုံးတဲ့ နံပါတ်တော့ သူတို့မသိဘူးမလား"

Soo ။ ။ "မသိဘူး"

%%%%%%%$$$%%%%%%%

အလုပ်တွေအရမ်းများပြီး ည၈နာရီလောက်မှ လက်စသတ် နိုင်သည်။ ဒါတောင်ပြတ်သေးတာမဟုတ်။
Jennie နဲ့ Jihyo ကတော့ ဒီလောက်နောက်ကျသွားရင် ထုံးစံတိုင်းအလုပ်မှာပဲအိပ်တော့တယ်။ ကျန်တဲ့သူတွေပြန်ကုန်တယ်။
ယောက်ျားလေးတွေထဲက Mino ကျန်ခဲ့တယ်။ ရဲအုပ် Ho ကတော့ရုံးခန်းထဲမှာရှိနေတယ်။

Jennie က Jihyo နားကို သွားလိုက်တယ်။

Jennie ။ ။ "Jihyo shi..."

Jihyo ။ ။ "ဟင်.."

Jennie ။ ။ "Jisoo ရဲ့ လက်ရှိ Seoul ကလိပ်စာနဲ့ လက်ရှိဖုန်းနံပါတ်ရထားတယ်မလား"

Fearless Girls {completed} Z+U Where stories live. Discover now