Episode 21,Friend Zone and Hope

1.7K 210 22
                                    

UNICODE (Zawgyi below)

ညစာစားပြီးတော့ အချိုပွဲဆက်စားကြရင်း...

Jen ။ ။ "ah..ပြောဖို့အရေးကြီးတာရှိတယ်။ အထက်တန်းတုန်းကလေ unnie အဲ့နောက်ဆုံးနှစ်မှာ တစ်ကျောင်းလုံး ပထမရတာ သိလား..."

Soo ။ ။ "Jinja?...ငါကျောင်းပြီးတော့ တက္ကသိုလ်တက်ဖို့ကို အသိတစ်ယောက်က အစအဆုံးစီစဉ်ပေးတာမို့ ဘာမှမသိခဲ့ရဘူး။ ငါအမြဲသိချင်နေခဲ့တာ။"

Soo က အမှန်အကန် အံ့ဩသွားပုံပဲ။သူမကို ကြည့်ရင်း Jen ပြုံးနေမိတယ်။..

Jen ။ ။ "တစ်ကျောင်းလုံး ဒုတိယက Jen ရတာ.."

Soo ။ ။ "wow...congratulations Jennie ya...ဒါနဲ့ တတိယကရော.."

Jen ။ ။ "Somi shi က တတိယ"

Soo ။ ။ "wow..."

Jen က အိတ်ထဲကနေ ဆုတံဆိပ်လေးကိုထုတ်လိုက်တယ်။

Jen ။ ။ "ဒီဟာ..unnie ကိုယ်စား တက်ယူပေးခဲ့ရတာလေ။ အခု ပြန်ပေးရတော့မှာပေါ့"

Soo ။ ။ "ရွှေအစစ်လား.."

Jen ။ ။ "arnyiya, ရွှေရည်စိမ်"

Soo ။ ။ "ashh...သူတို့ပြောတော့ ငါတို့နှစ်မှာ ရွှေအစစ်ဆို..အာ့ကြောင့် ပထမ ရအောင် အသေကြိုးစားခဲ့ရတာ.."

Jen ။ ။ "ဆရာတွေက အဲ့လိုပဲ ဂျင်းထည့်လိုက်တာလေ..အသိသာကြီး...ဒုတိယဆုကလည်း ငွေအစစ်မဟုတ်ဘူး"

Soo ။ ။ "သေချာပေါက် ဂျင်းထည့်ခံခဲ့ရတာပဲ..ဘာပဲဖြစ်ဖြစ် ပထမရတာမို့ ဂုဏ်ယူမိသား..."

Jennie က ဆုတက်ယူတဲ့ပုံတွေကို ပြပြန်တယ်။
Jennie ရဲ့အပြုံးတွေက ပုံထဲမှာ သိပ်အသက်မပါတာ သိသာနေတယ်။ အဲ့နေ့က Soo မှ ရှိမနေခဲ့တာ။ အဆက်သွယ်ကလည်းမရဘူးလေ။

Soo ။ ။ "ငါလည်း အဲ့မှာ ရှိနေခဲ့ရမှာ...ဒါနဲ့ အခုအဖြစ်က ရယ်စရာတော့ကောင်းသားနော် လွန်ခဲ့တဲ့ ငါးနှစ်ကရခဲ့တဲ့ဆုကို အခုမှ ပြန်ယူရတဲ့အဖြစ်.."

Jen ။ ။ "ဟုတ်ပနော်...ကျောင်းက unnie fans တွေလည်း unnie ကို သတိရနေကြတယ် သိလား။ Jen ကိုလည်းလာမေးကြတယ်။ မသိဘူးပဲ ဖြေခဲ့ရတာပေါ့လေ..."

Soo ။ ။ "အခြေနေတွေအရပေါ့ Jennie ရယ်။ အခုချိန်မှာ ငါပြောပြလို့မရတာတွေ အများကြီးပဲ...ထားလိုက်ပါတော့..ဒီအကြောင်းတွေပြန်ရောက်လာပြန်ပြီ"

Fearless Girls {completed} Z+U Where stories live. Discover now