Episode4, We Got Bad Blood

2.2K 292 21
                                    

UNICODE (Zawgyi version below)

*ဒေါင်ဒေါင်ဒေါင်..*

နားချိန်စေ့ ခေါင်းလောင်းထို့းသံကြားတော့
သူတို့နှစ်ယောက်လက်ချင်းဖြုတ်လိုက်ကြတယ်။

Lisa ။ ။ "Jennie ရဲ့အဖြေကိုစောင့်နေမယ်။"

အဲ့နေ့ညက Jen တော်ရုံအိပ်မပျော်ခဲ့ပဲ အကြာကြီးစဉ်းစားခဲ့တယ်။ Lisa က ငြင်းစရာမရှိပါဘူး။ ချစ်စရာကောင်းတယ်။
ချောတယ်။သူ့ကို သဘောကျပုံလဲပေါ်တယ် ။
တစ်ခေါက်လောက် ဖြစ်ဖြစ် ကြိုစားကြည့်ဖို့
ဆုံးဖြတ်လိုက်တယ်။ Lisa ကို အဲ့လိုမခံစားမိပေမဲ့ သူမငြင်းခဲ့ဘူး။
ဒီလိုနဲ့...သူတို့တွဲဖြစ်ခဲ့တယ်။ သင်တန်းက ဒုတိယလကစပြီး
ဖိအားများလာတယ်။ Lisa ကလည်း ကိုယ့်ကိုကိုယ်
Bi အဖြစ်လူသိမခံရဲသူ။ ဒီတော့ silent ပဲတွဲဖြစ်ခဲ့ကြတယ်။လူတွေရိပ်မိမှာကြောက်တော့ ပေါ်ပေါ်ထင်ထင်
ဂရုမစိုက် ဖြစ်။သင်တန်းကလည်း ဖိအားတွေများလာတော့
နှစ်ယောက်ထဲ သီးသန့်တွေ့ဖို့လဲ ခက်လာတယ်။
အချိန်စာရင်းတွေက နေ့တိုင်းအပြည့်ကိုး။

တစ်ခါတလေ နှစ်ယောက်ထဲ တွေ့တဲ့အချိန်တွေမှာတော့
Lisa က ဂရုစိုက်ပါတယ် ။ နွေးနွေးထွေးထွေး
စကားတွေပြောကြ ပွေ့ဖက်ကြပေါ့။
ဒါပေမဲ့ Jenက အချစ်ဦးကို မေ့မရဘူး။
ညတိုင်း အိပ်ခါနီးတွေးတာ သူ့အကြောင်းပဲ။ ကြာလာတော့ Lisa နဲ့ သူ့ရဲ့ relationship ကြီးက အဓိပ္ပါယ်မဲ့လာသလိုခံစားရတယ်။
တခါတလေတော့လည်း Lisa ကို သူအားနာတယ်။ Lisa သူ့ကို အချစ်စစ် နဲ့ ချစ်တာမဟုတ်မှန်းလည်းသိတယ်။
Lisa က စိတ်ကစားနေတာ သူသိတယ်။
ကိုယ်တိုင်ကလည်း လူတစ်ယောက်ကို
အချစ်စစ် နဲ့ချစ်ဖူးတာမို့ Jen ကောင်းကောင်းခွဲခြားသိနေပါတယ်။ သူကိုယ်တိုင်လည်း Lisa အပေါ်
သူငယ်ချင်းလိုပဲခံစားမိနေတယ်။
သူ Lisa နဲ့ သူငယ်ချင်းအဖြစ်ပဲ ရှိချင်တော့တယ်။
အထက်တန်း သုံးနှစ်လုံး အရမ်းချစ်တဲ့သူကို ဖွင့်မပြောဘဲ
သူငယ်ချင်းလို ညီအစ်မလို ပေါင်းခဲ့တယ်။

(အရမ်းချစ်တဲ့သူကို နာနာကျင်ကျင်နဲ့ အကြာကြီး
မချစ်ဟန်ဆောင် ခဲ့ပေမဲ့..

မချစ်တဲ့သူ့ကိုကျတော့ နှစ်လပြည့်အောင်တောင်
ချစ်ဟန်မဆောင်နိုင်ပါလား...

Fearless Girls {completed} Z+U Donde viven las historias. Descúbrelo ahora