Episode9,Can't Fight The Feelings

2K 236 16
                                    

UNICODE (Zawgyi version below)

ဘယ်လောက်ကြာအောင် လှဲနေမိလဲမသိ..
မိုးတွေရွာချလာတယ်။ မျက်ဝန်းထဲက မျက်ရည်တွေဟာ သူ့ရဲ့ပါးပြင်နှစ်ဖက်မှာ မိုးရေတွေနဲ့ ရောပြီး စီးဆင်းနေတယ်။

ကရိန်းကားပေါ်ကို Jihyo တက်လာတယ်။

"Jennie!! naw gwinchana?"

Jen အသက်မပါတဲ့ မျက်ဝန်းတွေနဲ့ Jihyo ကိုကြောင်ကြည့်နေမိတယ်။

Jihyo ။ ။ "Jen နင် ဒဏ်ရာရထားလို့လား။ ထ ထ အခုပဲ ဆေးရုံသွားရအောင်။"

Jen နားထဲမှာ တစ်ချိန်က သူမ ပြောခဲ့ဖူးတဲ့ စကားတစ်ချို့ကို
ကြားယောင်လာတယ်...

"ဘဝမှာ မထင်မှတ်ထားတဲ့ လောကဓံခပ်ဆိုးဆိုး တွေ၊
နာကျင်ခံစားရစေတဲ့ ရိုက်ချက်ခပ်ပြင်းပြင်း တွေ သေချာပေါက် ကြုံရနိုင်တယ်။အဲ့လိုတွေ ကြုံလာတဲ့အခါ ငါတို့ကြေကွဲဝမ်းနည်းရလိမ့်မယ်။ဒါပေမဲ့ ဘယ်လောက်ပဲ နာကျင်နေပါစေ
ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပြီး၊ ကြုံလာတဲ့ အခက်အခဲ
ပြဿနာမှန်သမျှကို ရဲရဲ ရင်ဆိုင်ပြီး စနစ်တကျ ဉာဏ်ရှိရှိနဲ့
ဖြေရှင်းကျော်လွှားနိုင်ရမှာပေါ့။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်Jen..မင်းက အဲ့ဒီအဖြေကို ရှာတွေ့အောင်
ကြိုးစားနိုင်ရမယ်...အားနည်းတဲ့လူတစ်ယောက်လို
လူတွေရှေ့မှာ မငိုပြစမ်းပါနဲ့။ အရမ်းငိုချင်နေရင် အလှဆုံးပြုံးလိုက်။ ဖြစ်နေသမျှကို ဟာသလုပ်ပစ်လိုက်ပြီး ရယ်ပစ်လိုက်။ စိတ်ထဲပေါ့ပါးနေမှ ဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေ
ထွက်ပြီး ဆုံးဖြတ်ချက်တွေ မှန်မှာ..။unnieရဲ့ Jendukieလေးက အရည်အချင်း အပြည့်ရှိတဲ့သူ တစ်ယောက်လို့ unnie ယုံကြည်တယ်"

ဒီစကားတွေ ကြားယောင်လာရင်း သူမျက်ရည်တွေကို သုတ်လိုက်တယ်။ သေခါနီး နှလုံးဖောက်နေတဲ့ လူလို ရင်ဘတ်တွေကို ဖိထားရင်းပဲ Jihyo ကို အစွမ်းကုန် ပြုံးပြလိုက်တယ်။
ပြီးတော့ ရယ်တယ်..သူမျက်ရည်တွေ ထပ်ကျလာပြန်ပေမဲ့
မိုးရေတွေနဲ့ အတူရောကုန်ပြီမို့ Jihyoက သူ့မျက်ရည်တွေ ကိုမမြင်။

Jennie ။ ။ "ha ha. aryigoo Jihyo Unnieက Jen ကို စိတ်ပူနေတာပဲ..Jen က ဘယ်သူလဲ။ ရဲမေတွေထဲမှာ fighter ပါ..ဘာမှမဖြစ်ဘူး ဆေးရုံလဲသွားဖို့မလိုဘူး"

Fearless Girls {completed} Z+U Donde viven las historias. Descúbrelo ahora