Episode11, Best Friends

1.9K 232 10
                                    

UNICODE( zawgyi below)

အဲ့နေ့က ကျောင်းဆင်းချိန်
Soo ကလွယ်အိတ်လွယ်ပြီးအခန်းထဲကထွက်သွားတယ်။
သူမကို နှုတ်တောင် မဆတ်သွားဘူး။ နှုတ်မဆတ်သွားတာကို နားမလည်နိုင်ပေမဲ့ အစောတုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုတွေးရင်း ပြုံးမိတယ်။ စိတ်ထဲမှာလဲကျေနပ်နေမိတယ်။ ဘဝမှာ တစ်စုံတစ်ယောက်ဆီကနေ နှစ်သိမ့်ပေးခြင်း သိပ်မခံခဲ့ဖူးသူမို့ထင်ပါရဲ့ ဒီလောက်လေးနဲ့တင် Soo ကို သူမ သဘောကျမိသွားပြီး အရမ်းခင်မိသွားတယ်။ Soo နဲ့ပိုပြီး ရင်းနှီးခင်မင်ချင်သွားခဲ့တယ်။ အဲ့တုန်းက အချစ်ရယ်လို့တော့ ပီပီသသမခံစားမိသေးပါဘူး။

နောက်နေ့ကျောင်းတက်တော့ Jen နေရာမှာထိုင်ရင်း ဘေးကတစ်ယောက်ကိုမျှော်နေမိတယ်။ အခန်းပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ကတာက Soo ကကောင်လေးနှစ်ယောက်နဲ့လမ်းလျှောက်လာတယ်။ သူမ ပုံစံအတိုင်း မပြုံးမရယ်ဆိုပေမဲ့ အဆင်ပြေပုံတော့ပေါ်ပါတယ်။ အဲ့ကောင်လေးနှစ်ယောက်က အခန်းအပေါက်ဝထိ လိုက်လာကြတယ်။ Soo ကအခန်းထဲဝင်ခါနီး သူတို့ကိုပြုံးပြလိုက်တယ်။ကောင်လေးနှစ်ယောက်လုံးရယ်ပြုံးပြီးပြန်ထွက်သွားတယ်။ တစ်ယောက်က ဖုန်းဆက်မယ်နော် ဆိုတဲ့လက်အမူအရာမျိုးလုပ်ပြသွားသေးတယ်။🤙
Soo က ခေါင်းငြိမ့်ပြပြီး နေရာဆီလာထိုင်တယ်။
Jen က သူမကို မနေ့ကလက်ကိုင်ပုဝါလေးလှမ်းပေးတယ်။
Soo က ယူပြီးအင်္ကျီအိတ်ထဲထည့်လိုက်တယ်။ Soo ပုံစံက
မနေ့ကမနက်ပိုင်း စတွေ့တုန်းကလို အေးတိအေးစက်ပဲ။
Jen က သူမနဲ့ စကားတွေပြောချင်တာပါ။ ပိုပြီးလည်းခင်မင်ရင်းနှီချင်တယ်။ ဒီကျောင်းကြီးမှာ သူမတွက် စကားပြောဖော်
မှမရှိဘဲ။ ဒါပေမဲ့ Soo ရဲ့ပုံစံကြောင့် မဝံ့မရဲဖြစ်မိပြီး ဘာပြောရမှန်းလည်းမသိတာကြောင့် တိတ်တဆိတ် နေလိုက်တယ်။ ဒီလိုနဲ့ ထမင်းအတူစားဖြစ်ပေမဲ့လည်း ဆက်ဆံရေးကမတိုးတက်လာ။

Jisoo ရဲ့ style ကိုက အဲ့လိုပဲလား ဒါမှမဟုတ် သိပ်မရင်းနှီးသေးလို့လားတော့ မသိပေမဲ့ နှစ်ယောက်ကြား မေးထူး ခေါ်ပြောအဆင့်ထက်မပိုပဲ တစ်လနီးပါးကုန်ဆုံးသွားတယ်။ သူမနဲ့ တခဏလေး စကားပြောရတိုင်း Jenစိတ်ထဲကျေနပ်နေတတ်တယ်

Fearless Girls {completed} Z+U Onde histórias criam vida. Descubra agora