Episode15, Become Allies

1.6K 219 16
                                    

UNICODE (Zawgyi below)

Mario နဲ့ Ary စကားပြောပြီး ၅ရက်အကြာ.....
ညနေ၃နာရီအချိန်မှာ သူတို့ကို စုံထောက်Ho က အစည်းဝေးခေါ်တယ်။
စုံထောက်Ho ဆိုတာ သူက စုံထောက်ဘဝထဲက လူချစ်လူခင်ပေါတဲ့သူမို့ အဲ့လိုခေါ်နေကြရင်း အမည်တွင်နေတာ။ သူ့ရဲ့လက်ရှိရာထူးက ရဲအုပ်အဆင့်ရှိတယ်။

အစည်းဝေးခန်းထဲ အားလုံးစုံတော့...
Mario နဲ့ Ary မျက်နှာမကောင်းဘူး။ တကယ်ဆို လွန်ခဲ့တဲ့သုံးရက်ထဲက Lisa သူတို့ အမူရာတွေကို မသင်္ကာဘူး။
Ary ဆို စကားပြောရင် Lisa ကို မျက်နှာတောင်တည့်တည့်မကြည့်။ အခုလည်း သူ့ကို တောင်းပန်းသလိုတစ်ချက်လှမ်းကြည့်ပြီးထဲက ခေါင်းငုံ့ထားတယ်။

စုံထောက် Ho က Mario ကို
"Mr.Mario အားလုံးရှေ့မှာပြောလိုက်ပါ။ ပြီးရင် အားလုံး စီစဉ်ကြရအောင်"

(Mario တို့ က Eng လိုပဲစကားပြောတာမို့ သူတို့အစည်းဝေးမှာ Eng လိုပဲပြောကြတာပါ။)

Mario က မတ်တပ်ထရပ်ပြီး Lisa ကို တောင်းပန်တဲ့အကြည့်နဲ့ကြည့်တယ်။ Lisa လည်းစိတ်ထဲ မကောင်းတာတစ်ခုခုဖြစ်တော့မယ် လို့ထင်နေတယ်။
Lisa လည်း ငတုံးတော့မဟုတ်ဘူးလေ..စိတ်ထဲ ထင့်နေပြီ။

Lisa Thought
*မဟုတ်လောက်ပါဘူးနော်...ငါထင်သလို မဖြစ်ပါစေနဲ့
တခြားကိစ္စနေမှာပါ*

Mario ကအရင်ဆုံး Laptop နဲ့ Projector နဲ့ချိတ်ပြီး စာရွက်စာတမ်း တစ်ချို့နဲ့ ဓာတ်ပုံတစ်ခုကို Projector မှာပြတယ်။ အဲ့ဒီဓာတ်ပုံ ကိုမြင်လိုက်တာနဲ့...

မျက်စိမျက်နှာပျက်ပြီး shock အကြီးကြီး ရသွားတာက Jenlisa အပြင် ဘယ်သူတွေရှိဦးမှာလဲ။

Jennie က Lisa သူ့ကို ကတိဖျတ်သွားပြီ အထင်နဲ့ မျက်ထောင့်နီနဲ့ စိုက်ကြည့်နေတယ်။ ဒါပေမဲ့ Lisa ရဲ့ပုံစံက သူထင်သလို မဟုတ်ပဲ အကြီးအကျယ်သွေးပျက်ပြီး ဖြူရော်နေတယ်။ ဒါပေမဲ့ လောလောဆယ် Jen ဒါကို မမြင်နိုင်။ သူအခု Lisa ကို ထထိုးချင်စိတ်ပေါက်နေပြီ။

Lisa ကတော့ Ary ကို စိုက်ကြည့်နေတယ်။ သူ့စိတ်ထဲ ဒေါသထက် ဝမ်းနည်းစိတ်ကပိုတယ်။ ယုံကြည်ခဲ့တဲ့ သူငယ်ချင်းက သစ္စာဖောက် သွားသလို ခံစားရတယ်။ Lisa စိတ်ထဲ ငိုချင်စိတ်တောင်ပေါက်နေပြီ။ လုံးဝ ဟန်မဆောင်နိုင်အောင် တုန်လှုပ်နေတယ်။ Ary နဲ့ Jennie ကတော့ ရာထူးနဲ့ အလုပ်တွက် စိုးရိမ်နေတယ်ပဲ ထင်မှာပေါ့။ Lisa ကဖြင့် အဲ့ကိစ္စ ခေါင်းထဲတောင်မရှိ။ အခုဖြစ်နေသမျှ ခံစားချက်တွေက သူမကြောင့်...Projector ပေါ်က မိန်းမလှလေးအတွက်။အခုဆို Lisa ကိုယ့်ကိုကိုယ် ပိုတောင် သဘောပေါက်လာပြီ။ သူမကို ဘယ်လာက်တောင် ချစ်နေမိပြီလဲဆိုတာကိုပေါ့။

Fearless Girls {completed} Z+U Donde viven las historias. Descúbrelo ahora