Episode 26, One Sided love

1.5K 184 19
                                    

UNICODE  (Zawgyi below)

Chaelisa moment ဖတ်ချင်သူလေးတွေ အတွက်
🙏
____________________________

ထမင်စားဆောင်ရှေ့မှာ တွေ့ပြီးထဲက Lisaကို ပိုပြီး သတိထားမိလာတယ်။ သူက အစထဲက popular ဖြစ်တဲ့သူပါပဲ။

သူ့ကို နောက်တစ်ကြိမ် သတိထားမိခဲ့တာက ဘက်စကက်ဘော ပြိုင်ပွဲနေ့ပေါ့
(a/n: reacall to Ep4 again)

အဲ့ဒီရဲမေက ထိုင်းဘက်ကပဲ။ ဟိုနေ့က သူ ကိုရီးယားလိုပြောတာကြားမိသလိုပဲ။
ကစားပွဲမှာ ကိုရီးယားဘက်ကို ခပ်ကြမ်းကြမ်း ကစားနေတဲ့ သူ့ကို Chae ကောင်းကောင်းသတိထားမိနေတယ်။ အထူးသဖြင့် Jennie ဆိုတဲ့ ရဲမေကို ပစ်မှတ်ထားနေပုံပဲ။ နောက်ပိုင်း Jennie ကလည်းပြန်ကြမ်းရော ပွဲကပိုကြည့်ကောင်းလာခဲ့တယ်။ ပွဲပြီးတော့ ထိုင်းဘက်က နိုင်သွားလို့ Chae စိတ်ပျက်မိသေးတယ်။ ကိုယ်က ကိုရီးယားကိုး။ အကြမ်းပတမ်းကစားတဲ့ ထိုင်းရဲမေ ကိုတော့ သူသေသေချာချာ သတိထားမိသွားခဲ့တယ်။

အဲ့တုန်းက Lisa ကို bully girl လေးလို့ Chae ထင်ခဲ့တာလေ။ အဲ့သင်တန်းမှာ ကိုရီးယားဘက်ကဆို Jen က popular ဖြစ်တယ်။ ထိုင်းဘက်က Lisa က popular ဖြစ်တယ်။ Lisa က အဲ့တုန်းက မိန်းကလေးတွေအတွက် girl crush အကြီးစားကြီး။ Chae ကလည်း ရဲသားတွေကြား နာမည်ကြီးပြီး စိတ်ဝင်စားခံရတဲ့သူပဲ။

အဲ့အချိန်တုန်းက Lisa ရော Chae ရော က အသက် ၂၀ပြည့်ခါစပဲ ရှိသေးတယ်။ Lisa က အဲ့တုန်းက အချစ်စစ်ကိုမယုံကြည်သေး မခံစားဖူးသေးဘူး။ အချစ်ဆိုတာကြီးကို စူစမ်း
ကစားကြည့်ချင်စိတ်ပဲရှိတယ်။ အဲ့အချိန်တုန်းက Lisaက ရှက်တတ်တယ်။ မာနကြီးတယ်။ စိတ်ကစားတယ်။

မိန်းကလေးတွေကိုစိတ်ဝင်စားပေမဲ့ ပွင့်ပွင့်လင်းလင်း မရှိဘူး။
ဒါပေမဲ့ သူ girlfriend ထားဖူးချင်တယ်။ Jennie နဲ့က အဆင်မပြေတော့တာကြောင့် သူ့နားကပ်တဲ့ ကောင်မလေးတွေနဲ့ ရောရောနှောနှောနေရင်း ကစားတယ်။ သူတို့ကိုပြန်မကြိုက်ပဲ သူများခံစားချက်တွေကို ကစားတာမျိုးပေါ့။
သူ Chae ကိုလည်း စိတ်မကစားဖူးပြောရင် လိမ်ရာကျမှာပေါ့။ အဲ့လောက် နာမည်ကြီးနေတဲ့ သူနာပြု ချောချောလေး သူစိတ်ဝင်စားပါတယ်။ အချစ်စစ်တွေ ဘာတွေတော့ Lisa နားမလည်ခဲ့ပါဘူး။

Fearless Girls {completed} Z+U Donde viven las historias. Descúbrelo ahora