Episode 22,The Storm Is Coming

1.7K 202 14
                                    

UNICODE (Zawgyi below)

"ထတော့...Jendukie"

"ငါးမိနစ်..."

"မင်း ငါးမိနစ်လုပ်တာ သုံးခါရှိနေပြီ...၉နာရီရှိနေပြီ ခုထိ မနက်စာမစားရင် အစာအိမ်ရောင်လိမ့်မယ်။ မနေ့ညကလည်း နောက်ကျမှစားတယ်။ အစာစားချိန် မှန်အောင်ဂရုစိုက်လေ.."

Jen မျက်လုံးတွေပွတ်ပြီး အီလေးဆွဲ ပြီးထလာတယ်။
ကိုယ်လက်သန့်ရှင်းပြီး မနက်စာစားကြတယ်။

Jen ။ ။ "သူများကိုအစာစားချိန်မှန်အောင်ပြောပြီး သူကျတော့အိပ်ချိန်မမှန်ဘူး...ဂိမ်းတွေ အရမ်းမဆော့ပါနဲ့လား..."

Soo ။ ။ "ဟုတ်ကဲ့ပါ...နောက်ဆို လျှော့ပါ့မယ်နော်..."

Jen ။ ။ "စိတ်ပူလို့ပြောတာကို မရွဲ့ပါနဲ့" (pout)

Soo ။ ။ "မရွဲ့ပါဘူး...အတည်ပြောတာ..မင်းလည်း အစာစားချိန် ဂရုစိုက်..."

Jen ။ ။ "ဟုတ်..."

Soo ။ ။ "Seoul ကို ဘယ်တော့ပြန်မှာလဲ.."

Jen ။ ။ "အလုပ်က ခွင့်မရတော့ ဒီနေ့ ညနေပြန်ရမယ်..အကြာကြီး ဆက်နေချင်သေးတာ...unnie လည်း Seoul ကို မကြာခဏရောက်ဖြစ်တယ်မလား...Jen ဆီ လာလည်လေနော်..အခုလောလောဆယ် ဘာပြဿနာမှလည်း ရှိတာမဟုတ်ပဲ..."

Soo က ပြန်မဖြေ...

Jen ။ ။ "unnie..? "

Soo ။ ။ "အခုစားပြီးရင် Hotel ပြန်တော့မှာမလား"

Jen ။ ။ "အင်း...ညကဒီမှာ ပေးအိပ်လို့...jinja gomawo...မနေ့ညက အရမ်းပျော်တာပဲ..."

Soo ။ ။ "ငါလည်းပျော်ပါတယ်။ ပြီးတော့ နောင်တရတယ်။ မင်းနဲ့ငါက အရင်လို ပြန်ခင်ဖို့ မဖြစ်နိုင်တော့ဘူး...အခြေနေတွေက အရင်ကလို ပျော်စရာမကောင်းတော့ဘူး... မနေ့ညက အရင်လို အတူတူပျော်ရွှင်ဖို့ ရွေးလိုက်မိတာ နောင်တရတယ်။ မင်းကို ငါ့အနားမှာ ရှိနေခွင့်မပေးခဲ့သင့်ဘူး။ ငါတို့ အရင်က ညီအစ်မတွေလိုရင်းနှီးခဲ့ကြပေမဲ့ အခု မဟုတ်တော့ဘူး...BFF တွေ ဆက်ဖြစ်နေလို့မရတော့ဘူး"

Jen ။ ။ "ဘာလို့လဲ..ကျေးဇူးပြုပြီး မနှင်ထုတ်ပါနဲ့...unnie ကတိပေးထားတယ်လေ..Jen ကို unnie နားကနေ ဘယ်တော့မှ ထွက်မသွားခိုင်းဘူးလို့..."

Fearless Girls {completed} Z+U Where stories live. Discover now