Episode 23,Cruel Fortune

1.6K 211 22
                                    

UNICODE (Zawgyi below)

ညနေ၃နာရီ...
Jennie နဲ့ Lisa တို့ Subway's ဆိုင်ထဲမှာထိုင်နေကြတယ်။ Jennie ရှေ့မှာချထားတဲ့ Milk ice-cream ကလည်း အရည်တွေပျော်နေပြီ။ Lisa ရှေ့မှာချထားတဲ့ Strawberry Milkshake ကလည်း ရေခဲတွေပျော်ပြီး Juice လိုလို ဒိန်ချဉ်လိုလိုပုံပေါက်နေပြီ။ စားတာလည်းမဟုတ်ပဲ သူတို့ဘာလို့ ဒါတွေမှာခဲ့ကြမှန်း သူတို့ကိုယ်တိုင်လည်းမသိ။ ပိုဆိုးတာက သူတို့နှစ်ယောက် ဘာလုပ်ဖို့ တွေ့ဖို့ချိန်းခဲ့ကြမှန်းလည်းမသိ။ နှစ်ယောက်သား ငူငူကြီး ထိုင်နေကြတယ်။

တိတ်ဆိတ်မှုကို အဆုံးသတ်လိုက်တာက Lisa...

Lisa ။ ။ "အဲ့လူက သူ့ကိုမွေးစားထားတာဆို သူ့မိဘအရင်းကဘယ်သူလဲ...အဲ့ ခေါင်းဆောင်ကရော ဘယ်သူလဲ..."

Jen ။ ။ "အဲ့ဒါတွေ ငါသိနေမှတော့ ဒီလိုတောင်နေမှာ မဟုတ်ဘူး"

Lisa ။ ။ "သူ့မိသားစုအကြောင်း နင်ဘာသိထားလဲ။ နင်သူနဲ့ ရင်းနှီးခဲ့တာပဲ။"

Jen ။ ။ "သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ မေးဖူးတယ်။ သူမဖြေဘူး။ ငါလည်းအကြိမ်ကြိမ်မေးမနေတော့ဘဲ အရေးမကြီးပါဘူးဆိုပြီး ထားလိုက်တယ်။ သေချာတာကတော့ အတော်ချမ်းသာတယ်ဆိုတာပဲ"

Lisa ။ ။ "အဲ့ကတည်းက gang တွေဘာတွေနဲ့ ပတ်သက်ပုံပေါ်လား"

Jen ။ ။ "arnyi...မဖြစ်နိုင်တာ...Milky ways ဆိုတာ ပေါ်လာတာ သုံးနှစ်တောင်မပြည့်သေးဘူး။ အဲ့တုန်းက သူ့ပုံစံကလည်း လုံးဝ အပြစ်ကင်းစင်တာ...ငါ့အဖေက စုံထောက် မှန်းသူသိတယ်။ သူသာ အဲ့တုန်းထဲက ဒါတွေနဲ့ပတ်သက် နေရင် ငါနဲ့ဒီလိုရင်းနှီးခဲ့မှာမဟုတ်ဘူး။ သေချာတယ်။ ကျောင်းပြီး ငါနဲ့ အဆက်သွယ်မရတဲ့အချိန်တွေမှာ တစ်ခုခုဖြစ်ခဲ့တာပဲ။"

Lisa ။ ။ "Milky ways gang က အတော်ထူးခြားတယ်။ သူတို့က တခြား gang တွေလို မဟုတ်ဘူး။ အဲ့ဒီ ဂိုဏ်းခေါင်းဆောင် ဘယ်သူမှန်းသိချင်လိုက်တာ...ငါ့အထင်...Brain wash လုပ်တာမျိုးလားလို့.."

Jen ။ ။ "ငါ...Park Chaeyong ကိုလည်း မသင်္ကာဘူး။ သူလည်း Gang ကိစ္စတွေသိနေနိုင်မှာပဲ။ ပြီးတော့ Ruby Day တုန်းက Soo နဲ့အတူတွေ့ခဲ့တဲ့ Rosè ဆိုတဲ့တစ်ယောက်...mask တပ်ထားပေမဲ့ သူ့အသံငါကောင်းကောင်းမှတ်မိတယ်။ သူ့အသံက ဒီတိုင်းစကားပြောနေရင်းတောင် natural born singer လို ချိုပြီး စူးစူးလေး... မှတ်မိလွယ်တယ်...သေချာစဉ်းစားကြည့်ရင် အရပ်အမောင်းကအစ တူနေတယ်။...ငါ စိတ်ထင်တာပဲလား..."

Fearless Girls {completed} Z+U Where stories live. Discover now