Episode12, Jealousy

1.9K 225 6
                                    

အခန်းထဲလည်းရောက်ရော သူမက..
Jisoo ။ ။ "လှဲအိပ်နေနော်။ ညစာစားခါနီးရင် နှိုးလိုက်မယ်။"

Jen ခုတင်ပေါ်လှဲလိုက်တော့ သူမက စောင်ခြုံပေးတယ်။
Jen အမေ့ဆီကတောင်မရတာကြာပြီဖြစ်တဲ့ဂရုစိုက်မှုမျိုးပေါ့
လူကိုမျှော်လင့်ချက်တွေပေးနေသလိုပဲ။ ဒါပေမဲ့ သူမက ညီအစ်မလို သဘောထားရုံပဲဆိုရင်ရော...?
ဆေးအရှိန်ကြောင့်် Jen အိပ်ပျော်သွားတယ်။

ညနေ၆နာရီလောက်မှ သူမကို Soo က လှုပ်နှိုးတယ်။
ညစာစားရအောင်တဲ့။ Soo ရဲ့ဂရုစိုက်မှုတွေအောက် သူမရင်ခုန်သံတွေပိုပြီး စွမ်းအားကြီးလာတယ်။ Soo ကသူမကို ဆန်ပြုတ်တိုက်တယ်။ ဆန်ပြုတ်သိပ်မကြိုက်ပေမဲ့ Soo ပြုတ်လို့ထင်ပါရဲ့ သောက်ဖူးသမျှထဲ အကောင်းဆုံးပဲ။ ဒါပေမဲ့
ခုဏက သူမကို Soo စိတ်ဆိုးထားတာမို့ Jen အခုထိ စိတ်မကောင်းဖြစ်နေတုန်း။ ကိုယ့်ကိုကိုယ်လည်း ရှက်မိတယ်။
သူမကိုလည်း အားနာမိသလို သူမရှေ့မှာလည်း အနေရခက်မိတယ်။

Soo ။ ။ "စားရတာ အဆင်ပြေရဲ့လား။ ဆရာဝန်က တစ်ပါတ်အတွင်း ထမင်းမစားနဲ့ဦးတဲ့။ အမာတွေလဲရှောင်ရမယ်။..
ဘာတွေရှောင်ရမယ်ဆိုတာ မှတ်မိတယ်မလား"

Jen ။ ။ "မှတ်မိပါတယ်။ ပြီးတော့...ကျေး..ကျေးဇူးတင်ပါတယ်နော်။ ဟို...ဟိုလေ..Jen ကို စိတ်ဆိုးနေသေးလားဟင်"

Soo ။ ။ "ငါ့ကဘာလို့နင့်ကိုစိတ်ဆိုးရမှာလဲ။ တကယ်က...
ငါ..နင့်ကိုတောင်းပန်ရမှာပါ။..miyanae Jennie ya.
ငါနင့်ကို အဲ့လိုမပြောခဲ့သင့်ဘူး။ ငါ..နင့်အတွက် အားမလိုအားမရဖြစ်သွားတာ။ သူတို့တွေက နင့်ညီအစ်မဝမ်းကွဲတွေဖြစ်ပြီး
နင့်ကို ဒီလိုလုပ်တာ...မဖြစ်သင့်ဘူးမလား။ နင်ကလည်း
ဘာမှပြန်မပြောနိုင် ပြန်မလုပ်နိုင်နဲ့ဆိုတော့...စဉ်းစားကြည့်ရင် စိတ်တိုစရာပဲမလား၊ အာ့ကြောင့် ငါ ပြောလိုက်မိတာ။ တကယ်က နင့်အပြစ်မှမဟုတ်တာ။ miyanae.."

Jen ။ ။ "unnie တောင်းပန်စရာမလိုပါဘူး။chaw က တကယ် စိတ်ပျက်စရာကောင်းတဲ့သူပါ။ တကယ်တော့ စိတ်အနှောင့်အယှက် ဖြစ်အောင်....."

Jen စကားမဆုံးခင်ပဲ သူမက Jen ရဲ့လက်တွေကို စုပ်ကိုင်လိုက်ပြီး. . .

Fearless Girls {completed} Z+U Donde viven las historias. Descúbrelo ahora