Episode 25, Strongest Bound💝

1.4K 191 16
                                    


UNICODE (Zawgyi below)

"Jisoo ya...မပြီးသေးဘူးလား။ ငါ မနက်စာတောင် ပြင်လို့ပြီးနေပြီ။ ငါက နင်လာတော့မယ်တောင် ထင်နေတာ "

Chae က ဆံပင်ကို dryer မှုတ်ပြီးတော့ kitchen ဝင်ကာ toast နဲ့ strawberry Jam ရယ်
black coffeeရယ် ပြင်ပြီးပြီ။ Soo ကိုသွားခေါ်တော့ ရေချိုးခန်းထဲကထွက်မလာသေး။ ရေဖွင့်ထားတဲ့အသံပဲ ဆက်တိုက်ကြားနေရတယ်။ အရမ်းကြာနေပြီကို။

"Jisoo unnie တခါးဖွင့်ဦးလေ! unnie?
Jisoo ya...ပြန်ထူးဦးလေ..Unnie?"

အပြင်က တခါးခေါက်ပြီး အော်ခေါ်တာကိုလည်း ပြန်မထူးဘူး။ Chae စိတ်ပူသွားတယ်။ ရေချိုးခန်းသော့ ယူပြီး ဖွင့်ကြည့်လိုက်တော့...

"Jisoo ya!!!"

ရေဖွင့်ထားတဲ့ ရေပန်းအောက်မှာ အင်္ကျီတွေတောင်ချွတ်မထားပဲ နံရံမှီပြီး ထိုင်နေတဲ့သူမ။ မျက်လုံးတွေ မှိတ်ထားတယ်။ အနားပြေးသွားပြီး ရေပိတ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို လှုပ်ကြည့်တော့ ခွေခနဲ လဲကျသွားတယ်။

"Shit!...သတိလစ်နေတာပဲ...unnie...Jisoo ya..
သတိထားဦးလေ Jisoo ya...! တစ်ကိုယ်လုံးလဲ အေးစက်နေပြီ...ဒီလောက်အကြာကြီး ရေပန်းအောက်မှာ ထိုင်နေတာလား..Jisoo unnie...မျက်လုံးဖွင့်ပါဦး...ashhh!"

Chae သူမကို ပွေ့ချီလာပြီး ဆိုဖာပေါ်တင်လိုက်တယ်။ ချက်ချင်း အဝတ်အစား အသစ်တစ်စုံ သွားယူပြီး လဲပေးလိုက်တယ်။ ပြီးတော့ သဘတ်နဲ့ ဆံပင်တွေသုတ်ပေးတယ်။

Chae တစ်ယောက်ပြာယာကို ခတ်နေတော့တာပဲ...

"မဖြစ်ဘူး...ဆေးရုံသွားမှဖြစ်မယ်။ ဒါပေမဲ့ ဆံပင်တွေက စိုရွဲနေတာ...ashh...ငါကုလို့ရတာပဲ..ငါက သူနာပြုပဲ...ဟုတ်တယ်။ ဆေးထိုးရမယ်...ဆေး...ဟုတ်ပြီ
...Nayeon...Nayeonက ဘူဆန်မှာရှိနေတာပဲ..."

Nayeon ကိုဖုန်းလှမ်းဆက်လိုက်တယ်။ Soo သတိလစ်သွားတယ်ပြောပြီး Chae အပိုင် Stay ဆေးဆိုင်ကနေပဲ လိုအပ်တဲ့ဆေးတွေ ယူပြီး ချက်ချင်းလာဖို့ပြောလိုက်တယ်။ Nayeon ကဆေးနာမည်တွေမသိတော့ Message နဲ့ပို့ပေးရသေးတယ်။

Chae က ဘူဆန်နဲ့ ဆိုးလ်မှာ ဆေးဆိုင်နှစ်ဆိုင်ဆီ ဖွင့်ထားတာ၊ ဆေးဆိုင်ဆိုတာထက် Mini mart ဆိုပိုမှန်မယ်။ ဆေးအဓိကရောင်းပေမဲ့ တခြား မုန့်တွေ အအေးတွေလည်း ရတယ်။

Fearless Girls {completed} Z+U Where stories live. Discover now