Episode 8, Ruby Day

1.9K 261 17
                                    

"Jendukie?!"

Rosé ကတော့ ချက်ချင်း သေနတ်ထုတ်ပြီး
ပြန်ချိန်လိုက်တယ်။

Rosé ။ ။ " ya..သေနတ် ထုတ်လေ.."

Jennie ။ ။ "လက်နက်ချပါ။ အေးဆေး အဖမ်းခံပါ။"

အဲ့ဒီအချိန်မှာပဲ Weapon,B2,Twinkle တို့နဲ့အတူ
GDragon နဲ့ Snow Whiteတို့ Van ကားနဲ့
့ရောက်လာပြီး တပ်ကူရောက်လာတဲ့ ရဲ၆ယောက်ကို
ဝင်တားတယ်။

Jisoo တစ်မိနစ်လောက် ကြက်သေသေ နေရာကနေ
သတိပြန်ဝင်လာပြီး သေနတ်နဲ့ ထုတ်ချိန်လိုက်တယ်။
Jisoo အတက်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထိမ်းလိုက်
တယ်။ကန့်လန်ခံနေတဲ့ ကရိန်းကားကိုဖြတ်ပြီး
သံလိုက်ဆီသွားဖို့ကြံတယ်။ဘယ်သူမှ အသက်မပျောက်ပဲ
ဒီနေရာကနေ အမြန်ထွက်ရမယ်။

ညာဘက်စောင်းနေတဲ့ ကရိန်းကားရဲ့ ဂျိတ်ကြီးကိုကြည့်ပြီး Jisoo အကြံရသွားတယ်။ အဲ့ဒီဂျိတ်ကြီးက Jisoo နဲ့
တစ်ခုန်စာလောက် အမြင့်မှာ ရှိနေတယ်။ Rosé နားကိုကပ်ပြီး တိုးတိုးလေးပြောတယ်။

Jisoo ။ ။ "ငါ အကြံရပြီ။ ကားအပေါ်ကနေပဲ
ဖြတ်သွားရမယ်"

Rosé ။ ။ "ကားကအမြင့်ကြီးပဲ အဲ့ဒီအပေါ်ကို ကုပ်တွယ်ပြီး တက်နေတုန်းမှာပဲ ကျောကုန်းထဲ ကျည်ဆန်တွေ
ဝင်ကုန်မှာပေါ့"

Jisoo ။ ။ "ကုပ်တွယ်ပြီးတက်ဖို့မလိုဘူး..အရင်ဆုံး
သေနတ်ချလိုက်။ပြီးရင် ငါ့လုပ်သလိုလိုက်လုပ်။"

Jisoo က Rosé ရဲ့မျက်လုံးထဲကို သေချာကြည့်ပြီး
လေသံတိုးတိုးလေးနဲ့ ပြောတယ်။

Jisoo ။ ။ "You said you trust me."

Rosé ။ ။ "You are the only one I trust."

သူတို့နှစ်ယောက် ဖြေးဖြေးချင်းသေနတ်ချလိုက်ကြတယ်။
Jisoo က လက်နာနေတဲ့ကြားက ဘယ်လက်ကို အားပိုထည့်ပြီး ကျောပိုးအိတ်ကို အလျင်မြန်ဆုံး
အရှေ့ဘက်ပြောင်းလွယ်လိုက်တယ်။
Rosé လည်းလိုက်လုပ်တယ်။ ကျည်ကာဖို့ အကြံနဲ့ပါ။
ကျောပိုးအိတ်ကို အရှေ့ဘက်ပြောင်းလွယ်ပြီးတာနဲ့ တစ်စက္ကန့်တောင်မကြာလိုက်ပဲ Jisoo အော်လိုက်တယ်။

Jisoo ။ ။ "ခေါင်းငုံ့ ပြီး ငါ့ခါးကိုဖက်ထားလိုက်!!!"

ပြောရင်းပဲ စက္ကန့်ပိုင်းအတွင်း လွှားကနဲခုန်လိုက်ပြီး
ကရိန်းကားရဲ့ ဂျိတ်ကို ဆွဲခိုလိုက်တယ်။ Rosé လည်း
Jisoo ရဲ့ခါးကိုဖက်လျက် တစ်ခါထဲ လေထဲမြောက်ပြီးပါသွားတယ်။ လက်ကတော့ နာတာ တအားပဲ။
Jennie သေနတ်နဲ့ လှမ်းပစ်ပေမဲ့ ကျောပိုးအိတ်တွေက
ရင်ဘတ်နဲ့ ဗိုက်ကို ကာလျက်သားမို့ ကျည်မပေါက်။
Jisoo ကိုယ်ကို လွှဲလိုက်ပြီး ကားခေါင်မိုးပေါ် အရောက်
ခုန်လိုက်တယ်။

Fearless Girls {completed} Z+U Tempat cerita menjadi hidup. Temukan sekarang