Episode29, First Step

1.4K 190 24
                                    

UNICODE (Zawgyi below)

New life foundation building ရဲ့ ကားပါကင်

ဒုန်း ခွမ်း💥

ကားကို အနောက်ကနေ ဝင်တိုက်တာပဲ။
Suho ဒေါသထွက်ပြီး ကားပေါ်ကဆင်းလိုက်ချိန် တ်ဖက်ကားပေါ်ကလည်း အမျိုးသမီးငယ်တစ်ယောက်ဆင်းလာတယ်။
သူမက အားနာဟန်နဲ့ တောင်းပန်စကားဆိုလာတယ်။ သူမရဲ့အလှကိုကြည့်ရင်း ပြောမယ်ဆိုမယ်ကြံထားသမျှပျောက်ရှသွားတယ်

"ကျွန်မ တောင်းပန်ပါတယ်ရှင်။ ကျွန်ဘက်က အလွန်ပါ။ ဟို...တစ်ဖက်ကကျေနပ်အောင် ကျွန်မ ဘာများပြန်လုပ်ပေးရမလဲဟင်..."

သူမကို သေချာကြည့်ရင်း မှတ်မိသွားတယ်။ ညီမဝမ်းကွဲ Jennie ရဲ့ သူငယ်ချင်းမလေး။ ကျောင်းကောင်စီ ဥက္ကဌ ၊ အထက်တန်း သုံးနှစ်ဆက်တိုက် queen Kim Jisoo
ဒါပေါ့ မမှတ်မိစရာမရှိဘူး...

"မင်း...မင်းက Kim Jisoo မလား"

"ရှင်...ကျွန်မကိုသိနေတာလား"

"ကျွန်တော် တို့အထက်တန်းကျောင်းအတူတူပဲလေဗျာ...Jennie ကိုသိတယ်မလား...အဲ့ဒါကျွန်တော့် ညီမဝမ်းကွဲ"

Jisoo Thought
*ငါနဲ့ရင်းနှီးချင်ပုံပဲ၊ ဆက်ဆံရေးအဆင်မပြေတဲ့ ညီမဝမ်းကွဲ နာမည်ကိုတောင်ယူသုံးနေပုံက...*

"ဪ...မှတ်မိပြီ။ Jennie က သူ့မောင်နှမတွေနဲ့ သိပ် မရင်းနှီးတော့ ကျွန်မလည်း သူ့ဝမ်းကွဲတွေနဲ့ မခင်မင်ခဲ့ဘူး။
ဒါပေမဲ့ အကို့ ကိုမှတ်မိနေတယ်။ Basketball အသင်း ခေါင်းဆောင်မလား၊ မြို့နယ်ပွဲမှာ ကျောင်းကိုယ်စားပြု လက်ရွေးစင်...အဲ့ဒါကြောင့်မှတ်မိနေတာ၊ ဒါနဲ့ နာမည်က..."

"ဟားဟား...မှတ်မိပြီပေါ့...တွေ့ရတာ ဝမ်းသာပါတယ်
Kim Jun Myeonပါ Suho လို့ပဲခေါ်ပေါ့"

"ဟုတ်ကဲ့...ဒါနဲ့ ကားက ဘယ်လိုလုပ်မလဲ၊ ညာဘက် နောက်မီး ကွဲသွားတယ်။ အားနာလိုက်တာရှင်၊ ကျွန်မ ပြန်လျော်ပါ့မယ်"

"ရပါတယ် ၊ သူစိမ်းတွေမှ မဟုတ်ပဲ...အာ...ဟို...ကျွန်တော်တို့ အခု မိတ်ဆွေတွေ ဖြစ်နေပြီပဲမလား၊"

"ဒါပေမဲ့ ကျွန်မ တာဝန်ယူမှာပါ...အခုတော့ နောက်ကျနေပြီ ကျွန်မ ဖွင့်ပွဲလာတာ"

Fearless Girls {completed} Z+U Où les histoires vivent. Découvrez maintenant