episode 8

11.3K 705 23
                                    

ငြိုး....(episode 8)
-----------------

နောက်​တစ်​​နေ့ ​နေ့လည်​ပိုင်းတွင်​ သက်​ပိုင်​သည်​ ပျင်းပျင်းရှိသည်​နှင့်​ ဧည့်​ခန်း​လေးအတွင်း အ​ခေါက်​​ခေါက်​အခါခါ ဖတ်​ဖူး​နေ​သော မစန္ဒာ၏ 'ငြိုးမာန်​ဖွဲ့သူရယ်​´ဝတ္တုကို ပြန်​လည်​ကာ ဖတ်​​နေ​မိသည်​။ ဖတ်​ဖူး​နေကြဖြစ်​​သော်​လည်း အ​ခေါက်​​ခေါက်​အခါခါပြန်​ဖတ်​သည်​။ ပြန်​ဖတ်​တိုင်းလည်း မ​ရေမလည်​ အ​တွေးများကို ပြန်​လည်​ကာ​တွေး​တော​ဖြစ်၏​။ အဆုံးတွင်​ နန္ဒာဟာ ထွန်းမင်းကိုချစ်​မိသွားသလား။ ဆရာမက မသဲမကွဲ​ရေးပြထား​သော်​လည်း ချစ်​မိသွားသည်​ဟုသာထင်​သည်​။ နန္ဒာဟာ တကယ်​ကိုပင်​ သူ့အစ်​ကိုကို သတ်​ခဲ့သည်​ဟု ယုံမှားသံသယဖြစ်​​နေ​သည့်​ ထွန်းမင်းကိုချစ်​မိသွားခဲ့၏​လော။

မ​ရေမလည်​ အ​တွေးများကို အိမ်​​ရှေ့မှ ကားဟွန်းသံက​ဖျောက်​ဖျက်​ပစ်​လိုက်​သည်​။ ထိုင်​​နေရာမှ ထကာ ကြည့်​မိ​တော့...ကိုဥက္ကာ၏ ကာဒီနားကားအနက်​​ရောင်​​လေးက အိမ်​​ရှေ့တွင်​ထိုးရပ်​ထားသည်​။ အလျင်​ဆို ဆိုင်​ကယ်​နှင့်​လာ​နေကြပါ။ ဒီ​နေ့မှ ဘာစိတ်​ကူး​ပေါက်​ပြီး ကားကြီးနှင့်​လာရသနည်း။

သက်​ပိုင်​ အိမ်​ကပြင်​ကို​ရောက်​​သည်​နှင့်​ ကား ​ရှေ့တံခါးမှန်​ကပွင့်​လာကာ ​လေး​ထောင့်​ကျကျမျက်​မှန်​အနက်​အား တပ်​ဆင်​ထား​သော ဥက္ကာသည်​ မျက်​မှန်​နှာ​ထောင့်​ကို လက်​ညိုးဖြင့်​ တစ်​ချက်​​ထောက်​၍ ကြည်​သာရွှင်​ပြစွာပြုံးရယ်​ပြလာ၏။

"ကိုဥက္ကာ......"

အုတ်​​လှေကားထက်​မှ သက်​ပိုင်​ ဆင်းလာ​သောအခါ အ​နောက်​မှန်​ကပွင့်​လာပြန်​သည်​။ ထိုသို့ပွင့်​လာသည်​နှင့်​ ပြူထွက်​လာ​သော အလက်​စ်​ကန်​ ​ခေါင်းကြီး​ကြောင့်​ သက်​ပိုင်​သည်​ အံ့သြမှင်​သက်​ ဝမ်းသာ၍သွား​တော့သည်​။

အကြီးကြီးဆိုမှ တကယ့်​အကြီးကြီး။ ကား​နောက်​ခန်းတစ်​ခုလုံးပြည့်​​နေပြီး ခုနကမှန်​ပိတ်​ထား​သော​ကြောင့်​ မွန်းကျပ်​​နေ၍ထင်​သည်​။ အလက်​စ်​ကန်​ကြီးက ​ခေါင်းကြီး​ကို​မော့ထုတ်​လျက်​ လျှာ​လေးတစ်​လစ်​ဖြင့်​ တစ်​ကိုယ်​လုံးတုန်​ခါ​နေ​အောင်​ အသက်​ပြင်းပြင်းရှူ​နေ​လေသည်​။

~ငြိုး.....~حيث تعيش القصص. اكتشف الآن