ငြိုး.....(episode 11)
-------------------ညကမိုးသည် မနက်ခင်းထိ စွေလို့ကောင်းဆဲပင်။ မိုးစွေစွေသည် တစ်ပြိုက်နှစ်ပြိုက်ဖြင့် ပတ်ဝန်းကျင်ကို စိုထိုင်းနေစေသည်။ ပတ်ဝန်းကျင်မှမဟုတ် ဥက္ကာ၏ရင်တွင်း၌လည်း ညကအချစ်မိုးမ်ား စိုထိုင်းနေဆဲပါ။
လင်းဦးသန်းစအချိန်ကတည်းက ဥက္ကာသည်နိုးနှင့်နေ၏။ နိုးနေသော်လည်း အိပ်ရာမှမထရက်။ သူ့လက်မောင်းထက်၌ အိပ်စက်အနားယူနေသော သက်ပိုင် လန့်နိုးကာ အိပ်ရေးမဝမည်ကို စိုးထိတ်သောကြောင့်ဖြစ်သည်။
ညက သူလေးအရမ်းပင်ပန်းသွားရှာသည်။
ကိစ္စအဝဝပြီးသည့်အချိန်ထိ နာကျင်စွာငြီးငြူနေရှာသည်။ အိပ်မောကျနေရင်းလည်း စုတ်သပ်သပ်ကာ ငြီးရှာသေးသည်။ နာကျင်အောင်ပြုမူခဲ့မိ၍ ဥက္ကာစိတ်မကောင်းနိုင်ဖြစ်ရ၏။ထို့ကြောင့်သာလည်း သက်ပိုင်ကိုအိပ်ရေးဝဝအိပ်စေချင်သည်။ နိုးလာလျှင် အာဟရရှိစွာစားဖို့သောက်ဖို့ နှင့် ဆေးဝါးများကအစ မန်နေဂျာဆီမက်စေ့ပို့၍သာမှာကြားရသည်။ ဖုန်းဆက်လျှင် အသံကြောင့် သက်ပိုင်နိုးလာမည့်အဖြစ်ကို မလိုချင်။
ဥက္ကာသည် လက်မောင်းပေါ်မှေးစက်၍ ရင်ဘက်ပေါ် လက်တင်ထားသော သက်ပိုင်ကိုကြည့်ရင်း ညကလွန်ကျူးခဲ့သည့်...ဟင့်အင်း...မဟုတ်သေးဘူး။
ညကကိစ္စကို မေထုန်မှီဝဲသည်ဟုလည်း ညစ်ညစ်ညမ်းညမ်းမသုံးနှုန်းချင်။
ကိုယ်လက်နှီးနှောသည်ဟုလည်း ရိုးရိုးတမ်းတမ်းမသုံးနှုန်းချင်။ ဘယ်လိုခိုင်းနှိုင်းရမည်နည်း။
သံဝါသပြု...အို...မဟုတ်သေးပါဘူး။ ထိုအဖြစ်မွာ တဏှာသီးသန့်ပါဝင်နေခြင်းမွ မဟုတ်တာ။အချစ်နှီးနှောဖလှယ်ခြင်း...အင်း...မဆိုးဘူးပဲ။ သူလည်း သက်ပိုင်ကိုချစ်၍ပြုမူခဲ့သလို သက်ပိုင်ကလည်း သူ့ကိုချစ်၍လက်ခံခဲ့သောကြောင့် အချစ်ခြင်းနှီးနှောဖလှယ်သည်ဟုသာ သုံးနှုန်းချင်ပါသည်။ သက်ပိုင်ကလည်း သူ့ကိုချစ်၍သာ ခုလိုပေးဆပ်ခြင်းဖြစ်သည်ဟုသာ သဘောထားလိုက်ပါသည်။
ညက အချစ်နှီးနှောဖလှယ်ပွဲအတွက် သက်ပိုင်ကိုနှမြောတသသလိုဖြစ်လာသည်။

أنت تقرأ
~ၿငိဳး.....~
عاطفيةSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...