ငြိုး....(episode 1)
-----------------
အငြိုး ရန်ပျိုး
-----------ယနေ့နေသာသည်။ ကောင်းကင်ပြာပြာကြီးကိုအထင်းသားမြင်နေရပြီး တိမ်ဖြူဖြူ အဆုပ်လိုက်က ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် နေရောင်ကို ကာဆီးထားခြင်းရှိမနေပါ။ မနက်ခင်းနေရောင်ခြည်သည် နွေးနွေးထွေးထွေးလေးဖြင့် သိုင်းခြုံကာကျဆင်းနေလေ၏။
ကံ့ကော်ပင်တန်း တစ်ဖက်တစ်ချက်စီပေါက်ရောက်နေသောလမ်းလေးအတိုင်း သက်ပိုင်သည် တစ်ရွေ့ရွေ့လျှောက်လှမ်းလာရင်း ကန်တင်းဘက်သို့ ချိုးကွေ့လိုက်စဉ်မွာပဲ....
"ဘုတ်...."
"အ......"
ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာခဲ့မိသောကြောင့် တစ်ဖက်လမ်းကထွက်လာသော လူတစ်ယောက်ကိုမမြင်မိပဲ တိုက်မိသည့်အပြင် တံတောင်နှင့်ပါတွတ်မိသွားသည်။ ချက်ကောင်းကိုထိမှန်သြား၍လားမသိ ထိုသူ၏မျက်နှာသည် နီရဲသွားပြီးရှုံ့မဲ့ကာလာသည်။ အစကတော့ သက်ပိုင်က ထိုသူကိုတောင်းပန်မို့စိတ်ကူးရသေးသည်။ သို့ရာတွင် ဝင်တိုက်မိသူမွာ တတိယနှစ်က ဥပဒေကင်း ဥက္ကာစိုးမိုးဖြစ်နေ၍ ဖာသိဖာသာ ရှောင်၍ထွက်လာခဲ့လိုက်သည်။
"ဟေ့...."
ခေါ်သံသဲ့သဲ့ကိုတော့ သက်ပိုင်ကြားလိုက်သည်။ သို့ရာတွင်နောက်လှည့်မကြည့်ဖြစ်။
"မင်းကို ငါခေါ်နေတာမကြားဘူးလား........"
ဇောက်ခနဲ ပုခုံးကိုကိုင်ကာဆွဲလှည့်ခြင်းကိုခံလိုက်ရသည့်အခါ သက်ပိုင်လင်းသည် သူ၏မျက်နှာထားကိုအနည်းငယ်တင်းမာလိုက်သည်။ ခပ်ဝိုင်းဝိုင်းမျက်မှန်လေးအောက်မွ မျက်မှောင်ကျုံ့ကာ ဥက္ကာစိုးမိုးကို မော်ကြည့်လိုက်သည်။
"ဘာလဲ....."
ဥက္ကာ တစ်ချက်ဖြုံသွားရသည်။ ဘယ္သူမွ သူ့ကိုခုလိုအသံမာမာဖြင့်မေးခွန်းမထုတ်ဖူးပါ။
"မင်းငါ့ကို ဝင်တိုက်ပြီး ဘာလို့ဆောရီးတောင်မပြောရတာလဲ...."
"ခင်ဗျားမို့လို့ မတောင်းပန်တာ....."
သက်ပိုင်လင်း၏ အသံသည် ပထမတစ်ခါထပ် ပို၍တင်းမာသွားသည်။

ANDA SEDANG MEMBACA
~ၿငိဳး.....~
RomantikaSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...