ငြိုး..........(introduction)
-----------------------#ဥက္ကာစိုးမိုး
အလယ်တွင်ထိစပ်လုဖြစ်နေသည့် ခပ်ထူထူမည်းနက်နက် မျက်ခုံးမွှေးကိုပိုင်ဆိုင်ထားသော သူ့ကိုယ်သူအမြဲဂုဏ်ယူလေ့ရှိသူဖြစ်သည်။ ၅ပေ ၉လက်မရှိသည့် အရပ်အမောင်းနှင့်လိုက်ဖက်သည့် ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်ကလည်း မြင်သူတကာကို ရှိန်စေသည်။
သူ့မျက်ဝန်းက အညိုရောင်၊ သူငယ်အိမ်သည် ဝိုင်းပြီးကျယ်ပြန့်သည်။ နှာတံက ထင်းထင်းစင်းစင်းဖြင့် နှာထိပ်ချွန်သည်။ အောက်နှုတ်ခမ်းသည် အပေါ်နှုတ်ခမ်းထက်အနည်းငယ်ထူလျက် ခပ်ရေးရေး နှုတ်ခမ်းမွှေးစိမ်းစိမ်းများကခြုံသိုင်းထားသည်။ နှုတ်ခမ်းမွှေးက စိမ်းသလို ပါးသိုင်းမွှေးကလည်း လဲ့ပြီး အမြဲရိတ်သင်သောကြောင့် ခပ်စစဖြင့် နားသယ်စပ်မွနေ၍ မေးစေ့အောက်ထိ ထိစပ်နေကာ ဖြူဖြူလွင်လွင် သူ့အသားအရေနှင့်လိုက်ဖက်သည်ဟု လူတိုင်းကပြောကြသည်။ ဆံပင်ဘေးခွဲကိုလှန်ကာဖီးတတ်ပြီး အဖြူ၊ အနက်၊ ခဲရောင် သုံးမျိုးသာဝတ်ဆင်တတ်သည်ကလည်း သူ၏ထူးခြားသောအချက်ဖြစ်ပါသည်။သူဝင်လာလျှင် မိန်းကလေးအားလုံး၏ အာမေဋိတ်သံများနှင့် အကြည့်မ်ားက သူ့ထံသို့ နေရာပေါင်းစုံမှ အသီးသီးစိုက်ရောက်လာသည်။ မထီလေးစားသူ့မျက်နှာပေးကို ပျိုမဒီတိုင်းကသဘောကျကြသည်။ ရှတတ သူ့အသံကို စွဲလန်းကြသည်။ စူးရှရှ သူ့ကိုယ်သင်းရနံ့ကို မက်မောကြသည်။ သို့ရာတွင် အချစ်ကိုအလေးမထား ဟိတ်ဟန်ကြီးသည့်သဘောထားက သူ့ပင်ကိုယ်ဗီဇဖြစ်လေ၏။ ယောကျ်ားလေးတိုင်း၏ပါးစပ်ဖျားတွင် သူ့နာမည်ကိုရေရွတ်၍အားကျတတ်ပြီး မိန်းကလေးတိုင်း၏ နှုတ်ခမ်းဖျားတွင် သူ့နာမည်သည် အဆင့်မြင့်သည့် မိတ်ကပ်ပစ္စည်းတစ်ခုလို တန်ဖိုးကြီးလေသည်။ သို့ရာတွင် သူ့ကို black list ထဲထည့်ထားသော ကောင်လေးတစ်ယောက်လည်းရှိ၏။ ထိုကောင်လေး နာမည်က.......
----------------------
#သက်ပိုင်လင်း
ခပ်ဝိုင်းဝိုင်း မျက်မှန်ပါးပါးလေးအောက်မွ မျက်လုံးလေးကလယ်ကလယ်ဖြင့်ကြည့်တတ်သော ဖြူစွတ်စွတ် သွယ်သွယ်နွဲ့နွဲ့ကောင်လေးတစ်ယောက်ကို တက္ကသိုလ်တစ်ခုလုံး အမည်ဝှက်ပေးထားကြတာက princessတဲ့။
၅ပေ၅လက်မသာရှည်သည့်အရပ်ကို သေးသေးသွယ်သွယ် ခန္ဓာကထပ်ပံ့ပိုးထားတော့ ပိုးဟပ်ဖြူဟူ၍လည်း နာမည်တွင်သေးသည်။ ရှည်လျလျမျက်နှာကျပေါ်တွင် သွယ်မြသောမေးရိုးနှစ်ဖက်နှင့် မျက်ဝိုင်းခပ်ဝိုင်းဝိုင်းလေးက သူ့ကိုစွဲမက်ဖို့ကောင်းစေသည်ဟု အမ်ားကပြောကြသည်။ ခပ်အုပ်အုပ် ဆံသားရှည်ရှည်ပျော့ပျော့လေးများက သူ့ရဲ့ခပ်ေသးသေးနှာတံထက်ထိ ကျဆင်း၍နေသည်။ ဖြူစွတ်စွတ်အသားအရေကြောင့် သူ၏ပါးပြင်ပေါ်တွင် အနီရောင်အစိမ်းရောင် သွေးကြောအမျှင်တန်းလေးများက ယှက်ဖြာသွယ်တန်း၍နေသည်။ သူ့ဘေးနားတွင် အမြဲဝန်းရံလျက် လိုက်ပါနေသူ Queen ငါးယောက်ရှိသည်။ နွေးနွေးလှိုင်၊ အေးသီတာ၊ နီလာမင်း၊ မျိုးဝတ်မှုံ၊ ရွှေစင်ခ အဲ့သည်ငါးယောက်က ဘော်ဒီဂတ်သဖွယ် သူ့အနားမှတစ်ယောက်ယောက်အမြဲရှိနေတတ်ပြီး မောင်အရင်းသဖွယ်ပြုစုစောင့်ရှောက်ကြလေသည်။
အရောင်မဲ့

YOU ARE READING
~ၿငိဳး.....~
RomanceSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...