ငြိုး.....(episode 15)
-------------------မာယာမျိုးအနွယ်နွယ်ကို အလှယ်လှယ်သုံးရင်း ပြုစားတတ်သော သက်ပိုင်သည် ခုများကြတော့ တစ်မျိုးလေး'မူ´တတ်လာပြန်သည်။
မသိမသာရော သိသိသာသာလေးပါ သဝန်တိုမှုလေးတွေကိုပြတတ်လာသည်။ သက်ပိုင်များ သဝန်တိုလိုက်လျှင် နွားပြာကြီး ဥက္ကာအဖို့ မြင်းဝင်စားသည့်အလား....'ဟီး´ခနဲ 'ဟီး´ခနဲ ပါးစပ်ကြီးဖြဲလျက် ဖြီးရသည့်အဖြစ်ရယ်ပါ။
နှစ်ယောက်တည်းရှိသည့်အချိန်များဆိုလျှင် အလျင်လို 'ခင်ဗျား´ ဟု မသုံးနှုန်းတော့။ 'ယူ´ တဲ့။ သူ့ကိုယ်သူ 'တို့´ တဲ့။ "ယူ ကလည်းကွာ"ဟု ဆိုလိုက်သည်နှင့် ဥက္ကာခင်မျာ အသက်ဝိဥာဉ်ကင်းမဲ့သွားသည့်အလား ဘာလုပ်၍ဘာကိုင်ရမှန်းမသိ ဖြစ်ဖြစ်သွားတတ်သည်။ သို့သော်လည် ဒေါ်သအရမ်းထွက်သည့်အခါမျိုးတွင်တော့ ခင်ဗျား ဆိုသည့်အသုံးအနှုန်းကို တစ်သွင်သွင်သုံးတတ်သေးသည်။
ကားမှ အဲလ်ကွန်းလေသည် စိမ့်နေအောင်အေးနေ၏။ သက်ပိုင်က ညနေဆည်းဆာ ကြည့်ချင်သည်ဆို၍ တောင်ပေါ်သို့လိုက်ပို့ဖြစ်သည်။ နေကဝင်လုလုသာဖြစ်သေး၍ နှစ်ယောက်သားဖုန်းသုံးလျက်ရှိနေကြသည်။
"ယူရေ....ဒီမှာကြည့်စမ်းပါဦး လှလိုက်တာ...အရမ်း"
သက်ပိုင်က သူ့ဖုန်းကြီးကိုမြှောက်ပြပြီး အရောင်အသွေးစုံလင်လှသည့် ဒရင်းမ် ကပ်ချာ များကို ပြလေသည်။
ဥက္ကာက တစ်ချက်သတိမထားမိပဲ နယူးဖိဒ်တွင်တက်လာသော ဖက်ရှင်ဒီဇိုင်းများကိုသာ ကြည့်နေမိသောအခါ သက်ပိုင်၏ လက်တစ်ဆစ်သာ ရှည်သော စိတ်လေးနှင့် ထိပ်တိုက်တိုးတော့သည်။
"ဟေး..ယူ...ဘာတွေကြည့်နေတာလဲ...ပေးစမ်း..."
သက်ပိုင်သည် ငြူစူမာန်မဲလျက် ဥက္ကာလက်ထဲမှဖုန်းကို ဆွဲယူလိုက်သည်။
ဥက္ကာခင်မျာ ဖုန်းပါသွား၍ ကြောင်စီစီဖြင့်သာ သက်ပိုင်ကိုငေးနေရှာသည်။

VOCÊ ESTÁ LENDO
~ငြိုး.....~
RomanceSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...