episode 10

11.2K 555 13
                                    

ငြိုး.....(episode 10)
------------------
သူမရှိ​သော အခါဝယ်
------------------

ဘော်​လီ​ဘောပြိုင်​ပွဲတွင်​ ဥက္ကာတို့​မေဂျာ ဗိုလ်လုပွဲ​သို့တက်​ရသည်​။ ဗိုလ်​လုပွဲတွင်​ ​အောင်​​အောင်​တို့​မေဂျာနှင့်​ဆုံ၏။

ပွဲစခါနီးထိ သက်​ပိုင်​​ပေါ်မလာ​သေး။ ဘယ်​​ရောက်​လို့ဘယ်​​ပေါက်​​နေမှန်းလည်း ဥက္ကာမသိ။ မနက်​ထဲက မဆုံရ​သေးသည်​ဖြစ်​၍ ဥက္ကာရင်​ထဲ စိုးတစ်​ထိတ်​ထိတ်​ဖြင့်​ လွန့်​လွန့်​လူး​နေပါသည်​။
နွေး​နွေးဆီဖုန်းဆက်​ကြည့်​​တော့လည်း အတူမရှိဟုသာသိရသည်​။ ဘယ်​ဆီ​တွေ​ရောက်​​နေမှန်း ​ရေ​ရေရာရာအ​ဖြေကိုမကြားရ။ ဖုန်း​ခေါ်​တော့လည်း စက်​ပိတ်​ထားသည်​။

အတန်​ကြာ စိတ်​​တွေ​ရောက်​ရက်​ခက်​​နေရာမှ မလှမ်းမကမ်းက ကတိုက်​ကရိုက်​​ပြေးလာ​သော သက်​ပိုင်​ကိုမြင်​မှ ဥက္ကာသက်​ပြင်းကိုဒုန်းဒုန်းချမိ​တော့သည်​။ သက်​ပိုင်​သည်​ အလျင်​တစ်​ခါ ဥက္ကာ​ပေးထား​သော ဂျာစီ​လေးကိုဝတ်​ရင်း သုတ်​သုတ်​​ပြေးလာ၏။

"သက်​ပိုင်​ရယ်​....ဘယ်​​တွေ​ပျောက်​​နေတာလဲ၊ ကိုယ်​စိတ်​ပူလို့ရူး​တော့မယ်​ သိလား......"

"ဆိုင်​ကယ်​ ဘီး​ပေါက်​​နေလို့ သွားဖာတာ....၊ ​ဆောရီး ကိုဥက္ကာရယ်​...."

"​ရော့​ရော့ ဂျာစီမြန်​မြန်​လဲ....."

ဥက္ကာသည်​ ​ပြော​ပြောဆိုဆိုဖြင့်​ လက်​ထဲကိုင်​ထား​သော ဂျာစီတစ်​ထည်​ကို သက်​ပိုင်​အားထိုး​ပေးလိုက်​သည်​။ ​နောက်​တစ်​ထည်​ကို​တော့ သူဝတ်​ဖို့အတွက်​အိတ်​ထဲမှ ထုတ်​လိုက်​သည်​။ အလျင်​ဂျာစီမဟုတ်​။ ဒီတစ်​ခါက အဖြူ​ရောင်​ ဂျာစီစွတ်​ကျယ်​ချိုင်းပြတ်​ဖြစ်​သည်​။ တအံ့တသြဖြင့်​ ​ဘေးနားက သူ​တွေကိုကြည့်​လိုက်​​တော့ အနက်​​ရောင်​ဂျာစီနဲ့။

"ဘာလို့လဲ..."

"အာ ဖိုင်​နယ်​လ်​အတွက်​က သီးသန့်​​လေ...လုပ်​လုပ်​မြန်​မြန်​လဲ၊ ဒီမှာပဲ လဲမလား....."

ပြော​ပြောဆိုဆိုဖြင့်​ ဥက္ကာသည်​ ပတ်​ဝန်းကျင်​ကိုတစ်​ချက်​ကြည့်​လိုက်​သည်​။ လူအ​တော်​များများကြား သက်​ပိုင်​ အင်္ကျီချွတ်​လဲ၍မဖြစ်​။

~ငြိုး.....~Where stories live. Discover now