episode 22

7.8K 440 2
                                    

ငြိုး.....(episode 22)
-------------------

"ကိုကို့ကို သတိရလာလို့၊ ဒီလိုမိုးရွာတဲ့ညမှာပဲ ကိုကိုက ညီတို့ကိုထားသွားခဲ့တာ....သိလား...."

ကိုယ့်​ရင်​ခုန်​သံကို မညာချင်​​တော့သည့်​အဆုံးတွင်​ ကိုကို့ကို ပြင်းပြင်းထန်​ထန်​အားနာ​နေမိ​တော့သည်​။ အားနာရင်းသတိရလာမိသည်​။ ကိုကို့အတွက်​ တရားမျှတ​စေရမည်​ဟု ကျုံးဝါးပြီးမှ အမုန်း​တွေအားလုံးသင်​ပုန်း​ချေပစ်​မည့်​​နေ့​ရောက်​လာခဲ့မယ်​လို့ ကျွန်​​တော်​ဘယ်​လိုထင်​ထားရက်​ပါ့မလဲ။ ကျွန်​​တော့်​နှလုံးသားအလိုကို ကိုကိုနားလည်​​ပေးနိုင်​စွမ်းရှိမယ်​လို့ယုံကြည်​ပါသည်​။

"ညီ ကိုဥက္ကာကို မချစ်​သင့်​ဘူးဆိုတာ ကိုဥက္ကာသိလားဟင်​...."

ကျွန်​​တော်​က​မေးလိုက်​​သော်​လည်း ကိုဥက္ကာဟာ ကလည်​အူ​ကြောင်​နှင့်​သာ ကျွန်​​တော့်​ကိုကြည့်​​နေပါသည်​။ ကျွန်​​တော့်​မျက်​လုံးထဲ အဲ့ဒီအချိန်​တုန်းက သူ့အကြည့်​​တွေထဲအပြစ်​ကင်းစင်​​နေမှုကိုမြင်​​တွေ့ခဲ့ရသည်​။ ကျွန်​​တော်​ သူ့ကိုဘယ်​လိုမှလက်​စားမ​ချေရက်​မှန်း ပို​၍​သေချာလာပါ၏။

"သက်​ပိုင်​ကို ကိုယ်​အဖြူစင်​ဆုံးပဲချစ်​ချင်​တယ်​၊ ကိုယ့်​အချစ်​ဟာ မဖြူစင်​ဘူးလို့လည်း မသတ်​မှတ်​လိုက်​ပါနဲ့၊ ကိုယ်​​တောင်းဆိုတာပါ၊ ကိုယ်​ သက်ပိုင်​ကိုချစ်​လို့ ဒီလိုဖြစ်​သွားတာလို့ မှတ်​​ပေးပါ..."

ထိုအခါမှ ကျွန်​​တော့်​အတွက်​ သူထားရှိတဲ့အချစ်​ဟာ ဘယ်​​လောက်​ထိသန့်​စင်​မွန်​မြတ်​​ကြောင်းကို သိခွင့်​ရခဲ့သည်​။ ​ဆာ​လောင်​မှုများကို တစ်​ဆာဆာ​တောင်းခံ​နေသည့်​ကျွန်​​တော့်​ကို အထင်​​သေးခြင်းမရှိပဲ သူ့​ကြောင့်​မှဲ့တစ်​​ပေါက်​စွန်းမည်​ကို စိုးရွံ့​နေသည်​ထင်​ပါရဲ့။

သူဟာ ကျွန်​​တော့်​အ​ပေါ် အရမ်းဖြူစင်​ချင်​​နေသည်​။

-----------------------

"​ပေါင်​မုန့်​မီးကင်​၊ ကြက်​ဥဟက်​ဖ်​ဖရိုက်​၊ နွားနို့၊ ကြက်​အူ​ချောင်း၊ စားပြီးရင်​ ​အော်​ရာမင်း-ဂျီ ​သောက်​ရမယ်​​နော်​...."

~ငြိုး.....~Donde viven las historias. Descúbrelo ahora