episode 7 unicode

5.1K 301 3
                                    

ငြိုး....(episode 7)
-----------------

"မနေ့က ကိုဥက္ကာနဲ့ပွဲဖြစ်ခဲ့တယ်ဆို"

တစ်ပတ်လုံး ကျောင်းမတက်ဘူးဟုပြောထားသော နွေးနွေးတို့ငါးယောက်သည် ဥက္ကာနှင့်သူပြန်ဆုံပြီး နောက်တစ်နေ့သောကြာနေ့တွင် ကျောင်းသို့ရောက်ခ်လာ၏။ ရောက်လာသည်နှင့်လည်း ဘုပြောပြော၏။

"အာ...သူ့ဘာသာထင်ချင်တာထင်သြားတာပါ..."

"အဲ့ဒါ ကလေးကို သူသဝန်တိုတာလေ..."

နွေးနွေးပြောသည့်စကားကို သက်ပိုင်လက်မခံနိုင်။ အမှန်တော့ ဥက္ကာက အနိုင်ယူချင်နေခြင်းသာဖြစ်နိုင်သည်။

"သဝန်တိုတာ မဟုတ်ပါဘူး အနိုင်ယူချင်တာပါ၊ ကျွန်တော့်ကိုအကြောင်းပြပြီး အားလုံးကိုအနိုင်ယူချင်နေတာ...."

"မဟုတ်ပါဘူးကလေးရယ်...သူကလေးကိုတကယ်ချစ်တာ ဘေးကနေတဲ့ မမတို့တောင်သိတယ်၊ ကိုဥက္ကာရဲ့အရင်ကပုံစံကလေးမမြင်ဖူးလို့နော်..."

နီလာ၏ အပြောကို မျိုးကလည်း ထပ်ဆင့်ဝင်ရောက်ထောက်ခံပြန်သည်။

"ဟုတ်တယ်...၊ မမတို့တောင် အစက သူနဲ့သဘောမတူတာ၊ ခုသဘောတူတယ်သိလား၊ အရင်ကဆို ကိုဥက္ကာက ချေစရာမရှိရင် A4တစ်ထုပ်ဝယ်ပြီး ထိုင်ချေနေတတ်တဲ့လူစားမျိုး၊ ခုလည်းအဲ့လိုပါပဲ သူစိတ်ရင်းနဲ့အရောဝင်တာဆိုလို့ ကလေးနဲ့ သူ့သူငယ်ချင်း ဟိုနှစ်ကောင်ပဲရှိတာ၊ စိတ်ရင်းနဲ့တောင်မဟုတ်ဘူး ကလေးကို သူက အောက်ပါကျို့နေတာ...."

သက်ပိုင်သည် မချိပြုံးလေးကို တစ်ချက်ပြုံး၏။

"အောက်ကျို့လို့တော်သေးတယ်၊ အောက်သာမကျို့ရင် ကျွန်တော့်ကို နဖားကြိုးထိုးပြီး နွားလုပ်စီးတော့မလားမသိဘူး...၊ ကြည့်ပါဦး...သူဖြစ်ချင်တာ၊ သူလုပ်ချင်တာ တွေပဲဇွတ်လုပ်နေတာ...."

"အာ...အဲ့ဒါက သူ့ဗီဇလေ၊ ဗီဇကဖျောက်ရခက်တဲ့ ကလေးရဲ့၊ သူက လက်ညိုးညွှန်ရာရေဖြစ်တဲ့ဘဝကလာတာ အဲ့တော့ အတ္တကြီးတာပေါ့...."

နီလာ၏အပြောကြောင့် သက်ပိုင်က ဟက်ခနဲ ခနဲ့တဲ့တဲ့ရယ်ပြန်သည်။

"အံမာလေး...လက်ညိုးညွှန်ချင် တစ်ခြားသွားညွှန်ပါလား၊ ကျွန်တော်က သူလက်ညိုးညွှန်တိုင်း ရေဖြစ်ပေးရမှာလား၊ သူက မှောက်ချင်မှောက် လှန်ချင်လှန်မယ့်လူစားမျိုး...အပိုးကိုမကျိုးတာ..."

~ၿငိဳး.....~Donde viven las historias. Descúbrelo ahora