episode 9

10.9K 665 14
                                    

ငြိုး.....(episode 9)
-----------------
သူ့တစ်​မျက်​နှာ တစ်​ကမ္ဘာ
---------------------

"ငါမ​ကျေနပ်​ဘူးသိလား....ဟဲ့...​နွေး​နွေး နင်​တို့ဘက်​က ကိုဥက္ကာမပါရင်​ ငါတို့နိုင်​တယ်​..."

နီလာသည်​ မ​နေ့က သူမတို့​မေဂျာရှုံးပွဲကိုမ​ကျေနပ်​၍ ဗြစ်​​တောက်​ဗြစ်​​တောက်​​ပြောရင်း မုန့်​ဟင်းခါးတစ်​ဇွန်းကိုခပ်​၍စားသည်​။ ခင်​ရသည့်​သူငယ်​ချင်းအချင်းချင်းလည်း ဒီလိုကာလမျိုး​ရောက်​ရင်​ ​မေဂျာစွဲ၊ ဌာနစွဲ​လေးများဖြင့်​ တည့်​တိုး​ရော သွယ်​ဝိုက်၍​ရော ခွပ်​တတ်​ကြ​လေသည်​။

နီလာက အားမရ​သေးသလိုဖြင့်​ ​နောက်​တစ်​ဇွန်းခပ်​ရန်​ပြင်​​နေ​သောလက်​ကိုပြန်​ချလိုက်​သည်​။

"ကို​နေမျိုးကြီးကလည်း​လေ ကိုဥက္ကာသူငယ်​ချင်းဆိုပြီး အားကိုးရမလားမှတ်​တယ်​၊ ​ဘောလုံးကို​ရှောင်​​ပြေး​နေသလား ​အောက်​​မေ့ရတယ်​၊ အကုန်​ ကွင်းထဲမှာ ဝိုင်းကြီးပတ်​ပတ်​ဒူ​ဝေ​ဝေကစား​နေကြတာ...​ဘော်​လီ​ဘောပုတ်​​နေကြတာမဟုတ်​ဘူး...ငါမ​ကျေနပ်​ဘူးဟာ...."

အားလုံးက နီလာ၏ ကြိတ်​မနိုင်​ခဲမရဖြစ်​​နေပုံကိုကြည့်​ပြီး ငိုအားထက်​ရယ်​အားသန်​​နေကြသည်​။

"ပြီးတဲ့ဟာလည်း ပြီးပါပြီဟယ်​၊ နင့်​မလဲ....ဘာ​တွေဖြစ်​​နေတာတုန်း၊ ခုက ပတ်​လည်​ ကစားတာမို့လား ​နောက်​ပွဲ​တွေနိုင်​​အောင်​​ဆော့​ပေါ့...."

"​နောက်​မ​ကျေနပ်​တာ တစ်​ခုရှိ​သေးတယ်​....၊ ငါ့က​လေးကို တမင်​စွဲသုံးပစ်​တာ....."

နီလာ၏မြှားဦးသည်​ သက်​ပိုင်​ဘက်​လှည့်​လာ၏။

"ဟင်​...ကျွန်​​တော်​နဲ့ဘာဆိုင်​လို့တုန်း....."

"ဆိုင်​တာ​ပေါ့....သူ့ဟာ​လေးက ​ဘေးကအား​ပေး​နေ​တော့ သူပိုအားရှိတာ​ပေါ့၊ ရိုက်​ချက်​​တွေများ..​ကြောက်​စရာကြီး..၊ ကို​နေမျိုးကြီးဆို ကိုဥက္ကာတစ်​ချက်​ရိုက်​တာနဲ့ တက်​မကာဘူး မျက်​နှာကြီးကို လက်​နဲ့အုပ်​ထားတယ်​....ဟဲ့မျိုး....နင်​တို့​မေဂျာနဲ့​တွေ့ရင်​ ဘာမှမလုပ်​နဲ့ သက်​ပိုင်​ကိုပြန်​​ပေးဆွဲပြီးဖွက်​ထား...သိလား အဲ့ဒါဆိုနိုင်​မှာ​သေချာတယ်​....."

~ငြိုး.....~Where stories live. Discover now